March 27,2025
ဝါတွင်းကာလတတိယပတ်ကြသပတေးနေ့။
3rd Week of Lent.
Lk 11:14-23
“ငါဘက်၌မရှိသောသူသည်ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ငါနှင့်အတူမစုသိမ်းသောသူသည်ကြဲဖြန့်သူဖြစ်၏။”ဖာရီဇေဦးတွေရဲ့သခင်ခရစ်တော်အပေါ်အရုပ်ညံ့ဆုံးစွတ်စွဲမှုဟာခရစ်တော်ကနတ်ဆိုးများရဲ့အကြီးအမှူးဘဲဇိဘူအားဖြင့်နတ်ဆိုးများကိုနှင်ထုတ်တယ်ဆိုတဲ့စွတ်စွဲချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ခရစ်တော်ကသူဟာဘုရားသခင်ရဲ့တန်ခိုးအာဏာတော်နဲ့နတ်ဆိုးကိုနှင်ထုတ်ခြင်းဖြစ်တယ်ဆိုတာကိုအတိုက်အခံပြုပြီးရှင်းပြခဲ့တယ်။ခရစ်တော်ဟာသူ့ရဲ့တရားဒေသနာဟောကြားခြင်းလုပ်ငန်းမှာနတ်ဆိုးနဲ့သဘောတူညီမှုမယူခဲ့ပါဘူး။ခရစ်တော်ဟာကမ္ဘာပေါ်မှာရှိတဲ့စွမ်းအားကြီးသူတွေထက်ပိုပြီးစွမ်းအားကြီးပါတယ်။ဒါကြောင့်ခရစ်တော်ဟာသူ့အပေါ်စွတ်စွဲမှုတွေကိုလိမ်မာပါးနပ်စွာရှောင်ဖယ်သွားခဲ့ပါတယ်။ခရစ်တော်ရဲ့ဘ၀မှာလူသားတစ်ယောက်တွေ့ကြုံရတဲ့နာကြင်မှု၊ဒုက္ခအခက်ခဲတွအားလုံးအထူးသဖြင့်မှားယွင်းသောစွတ်စွဲမှုတွေကိုလည်းကြုံတွေ့ခံစားခဲ့ရပါတယ်ဒါကြောင့်ကျွန်ုပ်တို့တတွေရောခရစ်တော်ကိုအတုယူပြီးခရစ်တော်ကဲ့သို့သတ္တိရှိစွာနဲ့ကြောက်ရွံ့မှုကင်းစွာနတ်ဆိုးနှင့်သူ၏အပေါင်းအပါများကိုတိုက်ထုတ်သွားကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar