Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-27 20:44:26

March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar

အကြီးမြတ်ဆုံးပညတ်တော်
ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက်လိုက်နာရမဲ့အကြီးမြတ်ဆုံးပညတ်တော်နှစ်ခုကိုသခင်ခရစ်တော်ကဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့် ပြန်ပြီးသတိပေးနေပါတယ်။ပထမပညတ်တော်ကကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာတစ်ခုထဲကိုအရင်းခံပြီးဖန်ဆင်းထားတဲ့ဘုရားသခင်ကိုကျွန်ုပ်တို့ရဲ့ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိမျှနဲ့ချစ်ဖို့ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပါတယ်။ဒုတိယပညတ်တော်ကမိမိနဲ့နီးစပ်သူကိုမိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ဖို့ဖိတ်ခေါ်နေပါတယ်။ဘုရားရှင်ဟာကျွန်ုပ်တို့တတွေကိုသူ့ကဲ့သို့ချစ်ခြင်းမေတ္တာကိုအခြေခံဖန်ဆင်းထားသလိုကျွန်ုပ်တို့တတွေကလည်းမိမိတို့နဲ့နီးစပ်သူတွေကို ဘုရားသခင်ရဲ့ချစ်ခြင်းနဲ့၊ဘုရားသခင်ကဲ့သို့ ချစ်တတ်ဖို့ ဒီကနေ့ ကျမ်းစာတော်မြတ်အားဖြင့်ဖိတ်ခေါ်နေပါတယ်။ဤနည်းအားဖြင့်ကျွန်ုပ်တို့တတွေကဘုရားရှင်ရဲ့ကျွန်ုပ်တို့အပေါ်ချစ်ခြင်းကိုသူတပါးအားပြန်လည်ဝေမျှသွားကြရမှာဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာနဲ့ ဘဝကိုမနေထိုင်တတ်လျှင်ကျွန်ုပ်တို့ဟာဘုရားရဲ့အကြံစည်နဲ့ လွဲချော်နေပါတယ်၊ဘုရားရှင်ဟာသူဖန်ဆင်းထားသောလူတို့အားတန်ဖိုးထားပြီးသူ့ရဲ့ဝိညာဉ်တော်ကျေးဇူးတော်အားဖြင့်ဘဝအသက်တာကိုလမ်းမှန်အောင်အမြဲပြသပေးနေတယ်၊ကျွန်ုပ်တို့ ချစ်ခြင်းဖြင့်မရှင်သန်နိုင်လျှင်ဘုရားသခင်ရဲ့သားသမီးမပီသပါ၊ ဘုရားရှင်ကိုအစွမ်းကုန်ချစ်ခြင်းဖြင့်ပတ်ဝန်းကျင်ရှိညီအစ်ကို မောင်နှမများကိုလည်းဖေးမကူညီခြင်းဖြင့် ပညတ်တော်တွေကို
လိုက်နာသွားကြပါစို့။

Daily Reflection