March 29,2025
ဝါတွင်းကာလတတိယပတ်စနေနေ့
Lk 18:9-14
Reflection by FMA Myanmar
ဒီနေ့ကျမ်းစာထဲမှာနှိမ့်ချတဲ့အပြစ်သားနဲ့ ဂုဏ်မောက်ကြွားဝါတဲ့ ဖာရီရှဲတို့ရဲ့ဆုတောင်းသံကိုကြားရတယ်။သူတို့နှစ်ဦးရဲ့လာကြတဲ့ရည်ရွယ်ချက်နဲ့လာကြတဲ့ပုံစံခြင်းကမတူကြဘူး။
တစ်ယောက်ကကြွားဝါဖို့လာသလို၊တစ်ယောက်ကတောင်းပန်ဖို့လာခဲ့တယ်။အားလုံးစုံကိုတတ်နိုင်ပြီးကောင်းမြတ်တော်မူသောဘုရားရဲ့ကြီးမြတ်ခြင်းကိုအသိအမှတ်ပြုပြီး မိမိရဲ့
သေးငယ်မှု့၊အားနည်းမှု့ကိုဝန်ချတောင်းခံသူကတော့ခွင့်လွတ်ခြင်းမှရရှိတဲ့ငြိမ်းချမ်းခြင်းနဲ့အိမ်ပြန်သွားခဲ့တယ်။ နောက်တစ်ယောက်ကတော့ဘုရားရဲ့ကြီးမြတ်ခြင်းကိုအသိအမှတ်မပြု၊
ဘုရားကိုမရှာဘဲမိမိကိုယ်ကိုချီးမြောက်ဂုဏ်ပြုရင်းသောက်ပြီးရင်းသောက်ချင်ဆာပြီးရင်းဆာတတ်တဲ့“ဂုဏ်”ဆာမွတ်မှု့နဲ့ဘဲပြန်သွားခဲ့ရတယ်။ကျွန်ုပ်တို့တစ်ဦးစီလည်းဘုရားကိုဘုရားရယ်လို့အသိအမှတ်ပြုပြီး၊မိမိဟာကြီးမြတ်သောဘုရားရဲ့သနားခြင်းကိုအမြဲလိုအပ်တဲ့ဖန်ဆင်းခံအဖြစ်လက်ခံနေထိုင်ကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar