မတ်လ(၃၀)ရက်နေ့
ဝါတွင်းကာလစတုတ္ထအပတ်တနဂ်နွေနေ့ ၊
လုကာ ၁၅း၁-၃၊ ၁၁-၃၂
Reflection by-FMA-Myanmar
ဒီကနေ့ရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာနောင်တရတဲ့သားငယ်လေးအကြောင်းကိုကြားခဲ့ရတယ်။သူဟာဒီဝါတွင်းကာလမှာကျွန်ုပ်တို့အားလုံးအတွက်စံနမူနာယူထိုက်တဲ့သူတစ်ယောက်ပါ။ကျွန်ုပ်တို့အားလုံးဟာလည်းအဲဒီ
သားငယ်လေးလိုပဲလူသားများပီပီအားနည်းကြတဲ့အလျှောက်နေစဉ်နဲ့အမျှအပြစ်တစ်ခုသို့မဟုတ်တစ်ခုထက်ပိုတဲ့အရာတွေကိုကျုးလွန်မိတတ်ကြပါတယ်။ဒီကမ္ဘာကြီးထဲမှာတစ်ခါမျှအမှားမပြုလုပ်ခဲ့ဖူးတဲ့သူဆိုတာတော့မရှိ
ပါဘူး။အရေးကြီးတာကကျွန်ုပ်တို့တွေဟာအပြစ်တစ်ခုခုကိုကျူးလွန်မိတိုင်းမိမိကိုယ်မိမိနူးညံ့သိမ်မွေ့ခြင်းနဲ့ပြန်လည်သုံးသပ်ပြီးမိမိရဲ့အမှားတွေကိုလက်ခံကာနောင်တရတဲ့စိတ်နဲ့ဘုရားသခင်ဆီပြန်လာတတ်ဖို့ပဲလိုပါတယ်။
ဒီကနေ့အသက်ပေးနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကသူဟာတရားမျှတပြီးရက်ရောတဲ့ဖခင်၊အပြစ်တွေကိုအမြဲခွင့်လွှတ်ပေးတတ်ပြီးသနားကြင်နာခြင်းနဲ့ပြည့်ဝတဲ့ဖခင်၊ကျွန်ုပ်တို့သူ့ဆီကနေလမ်းလွဲပြီးထွက်ခွာသွားတဲ့
အခါတိုင်းကျွန်ုပ်တို့ပြန်လာမဲ့လမ်းကိုစိတ်ရှည်စွာနဲ့စောင့်နေတတ်ပြီးကျွန်ုပ်တို့သူ့ဆီပြန်လာတဲ့အချိန်မှာလည်းနွေးထွေးစွာနဲ့ပွေ့ဖက်ကြိုဆိုဖို့အမြဲအဆင်သင့်ရှိနေတဲ့ဖခင်တစ်ယောက်ဖြစ်တယ်ဆိုတာကိုအတိအလင်းဖော်ပြ
နေတယ်။ဒီကနေ့အသက်ပေးနှုတ်ကပတ်တော်ရဲ့ပုံဉပမာလေးထဲမှာနောင်တရပြီးပြန်လာတဲ့သားငယ်လေးဟာသူ့မမျှောင်လင့်ထားတဲ့ဖခင်တစ်ယောက်ရဲ့ကောင်းမြတ်ခြင်း၊ချစ်ခြင်းတွေကိုပြန်လည်ခံစားခဲ့ရတယ်။ဖခင်တစ်
ယောက်ရဲ့နားလည်ခွင့်လွှတ်ပေးမှု၊နွေးထွေးစွာလက်ခံကြိုဆိုမှုကိုခံစားလိုက်ရတဲ့သားငယ်လေးဟာကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးနဲ့အလွတ်လပ်ဆုံးလူသားလေးတစ်ယောက်အဖြစ်ပြန်လည်အသက်ရှင်လာမှာဧကန်မုချမလွဲ
ပါ။ဒါ့ကြောင့်ကျွန်ုပ်တို့အားလုံးဟာလည်းဒီဝါတွင်းကာလမှာနောင်တရတဲ့သားငယ်လေးလိုပဲဘုရားသခင်ရဲ့အသစ်အသစ်သောကောင်းမြတ်ခြင်းတွေ၊အသစ်အသစ်သောကရုဏာသနားခြင်းတွေတွေ့ကြုံခံစားရရှိဖို့နဲ့လွတ်လပ်
ပျော်ရွှင်တဲ့ဘုရားသခင်ရဲ့အချစ်ဆုံးသားသမီးတစ်ဉီးအဖြစ်ပြန်လည်အသက်ရှင်နေထိုင်နိုင်ဖို့အပြစ်တွေကျူးလွန်မိခဲ့တဲ့အချိန်တိုင်းနိမ့်ချတဲ့နှလုံးသားလေးနဲ့ဘုရားရှင်ထံခွင့်တောင်းပန်လို့သူ့ရဲ့မေတ္တာအရိပ်အောက်သို့ပြန်
လည်ခိုလှုံကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar