Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-04-09 08:50:15

ဧပြီလ(၁၀)ရက်
ဝါတွင်းကာလပ ဥ္စမအပတ် ကြသပတေးနေ့။
ယောဟန် ၈း၅၁ ၅၉
Reflection by OSM Sisters Myanmay.

ကျွန်ုပ်၏စကားကိုနားထောင်ပြီးယုံကြည်သောသူသည်သေခြင်းနှင့်ကင်းလွှတ်လိမ့်မည်။ထာဝရအက်ကိုရလိမ့်မည်။“ငါသည်ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုယုံကြည်သောသူသည်သေပြီးသော်လည်းအသက်ရှင်ရလိမ့်မည်။”(ယောဟန် ၁၁:၂၅ဟုဟောထားပါ၏။ထာဝရဘုရားသည် အစဉ်အမြဲသစ္စာရှိသည်။ ထာဝရဘုရား၏ နုတ်ကပါတ်တော်၌ တည်ရှိပြီးအဆက်မပြတ်ဆုတောင်းခြင်းအားဖြင့် ဘုရားအသက်၌ မွေ့လျှောပါကအပြစ်မှကင်းလွှတ်နိုင်ရန် ဝိညာဉ်ခွန်အားရမှာဖြစ်ပါတယ်။လောကီရေးရာကိုသာဦးထိပ်ထားပြီးဝိညာဉ်ရေးနှင့်ဆိုင်သော ကိစ္စရပ်များမှဝေးကွာနေသောသူတို့ကို နုတ်ကပါတ်မှာရှင်သန်ပြီးထာဝရအသက်ကိုရယူပိုင်ဆိုင်ဖို့တိုက်တွန်းနေပါတယ်။ဆုတောင်းခြင်း၊ခြိုးခြံ ခြင်း၊အလှူဒါနပြုခြင်းတို့အားဖြင့်ဤဝါတွင်းကာလကိုဖြတ်သန်းဖို့ဘုရားရှင်ကကျွန်ုပ်တို့ကိုစိန်ခေါ်နေပါတယ်

Daily Reflection