Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-05-10 09:32:04

ပါစကားစတုတ္ထတနင်္ဂနွေနေ့
ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့။
Good Shepherd Sunday.
ယောဟန် ၁၀း ၂၇-၃၀
Reflaction by Sr.Christine Dah (RGS)

ငါ၏သိုးတို့ သည်ငါ့အသံကိုနားထောင်ကြ၏။ငါသည်သူတို့ကို သိ၍ သူတို့သည်လည်းငါ့နောက်သို့လိုက်ကြ၏။ငါသည်သူတို့အားထာဝရအသက်ကိုပေး၏။သူတို့သည် မည်သည့်အခါမျှပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်။ မည်သူမျှသူတို့ကိုငါ့ထံမှမလုယူနိုင်။သူတို့ကို ငါအားပေးသောခမည်းတော်သည်အားလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍မည်သူကမျှသူတို့ကိုခမည်းတော်၏လက်မှမလုယူနိုင်။ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်းဖြစ်သည်ဟုမိန့်တော်မူ၏။
ရှင်ယောဟန် ၁၀:၂၇-၃၀

ထောက်ရှုချက်

မန္တလေးငလျင်သည် လူ့ဘဝအတွက် သင်ယူစရာများစွာရှိသည်။ Great Wall ဟိုတယ်ပြိုကျ၍ လွတ်မြောက်သော မိခင်တစ်ဦး၏ ငိုကြွေးရှာဖွေသည့် မြင်ကွင်းကိုကြည့်မိသည်။ ခင်ပွန်းနှင့်ကလေးကိုရှာဖွေပေးရန် ငိုကြွေးတောင်းဆိုရာတွင် သူအကြိမ်ကြိမ်ပြောသည်မှာ “ရှာဖွေတူးဖေါ်ပေးပါ၊ ကျမခလေးနဲ့ ယောင်္ကျား ဟိုနားလေးမှာရှိတယ်၊ သူတို့အသက်ရှင်နေသေးတယ်ကျမခံစားရတယ်”လို့ပြောပါတယ်။ တကယ်လည်းသူပြောတဲ့အတိုင်ဖြစ်တယ်။ ဤအရာကမိခင်နှင့် ခလေးအပေါ်၊ ဇနီးနှင့်ခင်ပွန်းအပေါ် နက်ရိူင်းသော ချစ်ခြင်းမေတ္တာကြောင့် စိတ်မှခံစားသိရှိသော ဆက်သွယ်မှုလို့ယူဆပါတယ်သိုးတို့သည် စိတ်ခံစားချက် အတွေးအခေါ်အသိတရားမရှိစေကာမူ သိးထိန်းနှင့်မေတ္တာကိုခံစားသိရှိသောကြောင့် မိုးသက်မုန်တိုင်းကြား၊ ဝံပုလွင်များကြားတွင် သိုးထိန်းအသံကို ကောင်းစွာ မှတ်မိသည်။ခရစ်တော်သည် လူသားများကိုချစ်သောအချစ်ကို သိုးထိန်းနှင့် သိုးတို့၏ ချစ်ခြင်းနှင့်တင်စားသည်။မသေချာမရေရာမှု၊ လုံခြုံစိတ်ချမှုမရှိ၊ ဘဝအသက်အာမခံမှုမရှိသော ဤလောကတွင် သိုးထိန်းတို့၏အသံကိုနှလုံးသွင်းလျက်၊ သိုးထိန်းရှင်၏စိတ်ထားကိုခံယူကာ သိုးထိန်းရှင်၏ ခြေရာအတိုင်း လိုက်ကျင့်နိုင်ရန်ကြိုးစားကြစို့။ နေ့စဉ်အသက်တာ၌လည်းအရာအားလုံးကို ခရစ်တော်ကိုယုံကြည်အပ်နှံလျက်၊ ခရစ်တော်၏ နုတ်ကပတ်တော်ကိုနေ့စဉ်ထောက်ရှုခွန်အားယူခြင်း၊ အာပတ်ဖြေခြင်း၊စက္ကရာမင်းတူးများခံယူခြင်း၊ ပေးကမ်းလျူဒါန်းခြင်း၊ လိုနေသူများကို ကူညီအားပေးခြင်းတို့ဖြင့် ထာဝရအသက်ရရှိရန်အတွက် လိုနေသော ကျေးဇူးများကိုလည်းတောင်းလျောက်ရင်းကြိုးစားကြပါစို့။

 

 

Daily Reflection