မေလ(၁၃)ရက်
ပါစကားကာလစတုတ္ထသီတင်းပတ် အင်္ဂါနေ့။
ယောဟန် ၁၀း၂၂-၃၀
Reflection by Sr.Christine Dah
ယေဇူးကသူတို့အားပြန်ဖြေ တော်မူသည်ကားသင်တို့အားငါပြောဆိုခဲ့လေပြီ။သို့သော်သင်တို့သည်မယုံကြည်ကြ။ငါ့ခမည်းတော်၏နာမတော်၌ငါလုပ်ဆောင်သောအမှုတို့သည်ငါ့ကိုသက်သေခံလျက်ရှိ၏။သို့သော်သင်တို့သည်မယုံကြည်ကြ။အဘယ်ကြောင့်ဆိုသော်သင်တို့သည်ငါ၏သိုးစုတွင် မပါဝင်ကြသောကြောင့်ဖြစ်၏။ငါ၏သိုးတို့ သည်ငါ့အသံကိုနားထောင်ကြ၏။ငါသည်သူတို့ကိုသိ၍သူတို့သည်လည်းငါ့နောက်သို့လိုက်ကြ၏။ငါသည်သူတို့အားထာဝရအသက်ကိုပေး၏။သူတို့သည်မည်သည့်အခါမျှပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်မဟုတ်။မည်သူမျှသူတို့ကိုငါ့ထံမှမလုယူနိုင်။သူတို့ကို ငါ့အားပေးတော်မူသောခမည်းတော်သည် အားလုံးထက်ကြီးမြတ်တော်မူသည်ဖြစ်၍မည်သူကမျှသူတို့ကိုခမည်းတော်၏လက်မှမလုယူနိုင်။ခမည်းတော်နှင့်ငါသည်တလုံးတဝတည်းဖြစ်၏။
ရှင်ယောဟန်
တခါကသားငယ်လေးနဲ့အဖေဖြစ်သူယိုင်လဲနေသောတံတားတစင်းပေါ်ဖြတ်သွားသည်။အဖေဖြစ်သူကသားရေဖေဖေလက်ကိုဆွဲကိုင်ထားတဲ့။သားဖြစ်သူကမဟုတ်ဘူးဖေဖေကသားရဲလက်ကိုဆွဲထား၊ဘာလိုလဲဆိုတော့သားကမတော်တဆချော်လဲရင်ဖေဖေ့လက်ကို လွတ်ချသွားနိုင်တယ်ဖေဖေလက်က သားလက်ထက်ပိုကြီးပြီးပိုအားသန်တယ်သားချော်လဲရင်ဖေဖေဆွဲထားနိုင်တယ်ဟုဆိုသည်။
ထောက်ရူချက်
ဤတွင်သားငယ်သည်သူ့အားနည်းချက်ကိုသိ၍ဖခင်ကိုလုံ