Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-05-15 08:38:39

မေလ(၁၆)ရက်
ပါစကားကာလစတုတ္ထသီတင်းပတ် သောကြာနေ့။
ယောဟန် ၁၄း ၁-၆
Reflection by Sr.Christine Dah (RGS)

ယေဇူးကသင်တို့၏စိတ်နှလုံး၌စိုးရိမ်ပူပန်ခြင်းမရှိစေကြနှင့်။ဘုရားသခင်ကိုယုံကြည်ကြလော့။ငါ့ကိုလည်းယုံကြည်ကြလော့။ငါ့ခမည်းတော်၏အိမ်တော်၌အခန်းများစွာရှိ၏။ထိုသို့ မဟုတ်ခဲ့ပါလျှင်  ငါ သည် သင်တို့ အတွက်  နေရာပြင်ဆင် ရန် သွားမည်ဟု ပြောပါမည်လော။ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားပြီးလျှင်တစ်ဖန်ပြန်လာ၍ငါရှိသောနေရာတွင်သင်တို့လည်းရှိစေရန်သင်တို့ကိုငါ့ထံသို့ခေါ်ဆောင်မည်။သင်တို့သည်ငါသွားမည့်လမ်းကိုသိကြ၏ဟုမိန့်တော်မူ၏။ထိုအခါသောမကသခင်ဘုရား၊မည်သည့်အရပ်သို့ကိုယ်တော်တပည့်တော်တို့မသိကြသောကြောင့်လမ်းခရီးကိုလည်းမည်ကဲ့သို့သိနိုင်ကြပါမည်နည်းဟုကိုယ်တော်အားမေးလျှောက်၏။ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။  ရှင်ယောဟန် ၁၄:၁-၆

ထောက်ရှုချက်
စစ်ဘေးရှောင်တွေနှင့်အတူ နေထိုင်သွားလာသောအခါ လူနေမှုအမျိုးမျိုး စိတ်ဓါတ်အထွေထွေ၊ အလွာစုံသည်။ပထမအလွာကားတကယ့်ကိုမှကုန်းကောက်စရာမရှိလောက်အောင် ဒုက္ခရောက်သည်။တပါးသူစွန့်ကြဲမှသာစားရသည်။ဒုတိယအလွာကဒုက္ခအခက်အခဲ၊ဆင်းရဲမှုကြားမှာရအောင်ရှာဖွေလုပ်ကိုင်နေထိုင်စားသောက်နိုင်သည်။၎င်းသည်လူများစုဖြစ်သည်။တပါးသူကိုပေးကမ်းနိုင်အားမရှိ။တတိယအုပ်စုမှာဆင်းရဲဒုက္ခကြားမှာသမာအာဇီဝကျကျရှာဖွေလုပ်ကိုင်ရင်းပိုလျှံချမ်းသာသူလည်းရှိသည်။တောသူဌေးဆိုပါတော့လေ။လူနည်းစုလက်တဆုပ်စာမျှသာရှိမည်။လျူသင့်သလောက်ပါဝင်ကြသည်။စွန့်ကြဲနိုင်သည်။နောက်ဆုံးအုပ်စုမှာ စစ်ဘေး စစ်ဒဏ်၊ဒုက္ခကြားတွင်နိုင်ငံရေးကိုခုတုံးလုပ်ခြင်းနှင့် စစ်ဘေးရှောင်များကြောင့်ချမ်းသာသွားသည်။ထိုအုပ်စုသည်စွန့်ကြဲလိုစိတ်မရှိ။ရလေလိုလေဖြစ်သည်။သခင်ယေဇူးရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းပါစကားကာလတွင် ခရစ်တော်သည် သူသည် ဘုရားစစ်ဘုရားမှန်၊ သူ့ကိုယုံကြည်အားကိုးရန်အမြဲဖိတ်ခေါ်သည်။ယနေ့လည်းသူသည်လမ်း၊သမ္မာတရားနှင့်အသက်ဟုထပ်မံ၍အတည်ပြုဟောပြောသည်။သူ့ကိုယုံကြည်လျင် ထာဝရအသက်ရမည်ဟုအာမခံမှုပေးသည်။ဒုက္ခများကြားတွေမည်သို့ပင်ဆင်းရဲပါစေ၊ချမ်းသာပါစေ၊အချိန်တန်ထားခဲ့ရသည်ဖြစ်၍ဤလောက၌စိတ်၏လုံခြုံမှု၊ပျော်ရှင်မှုရရန်၊နောင်ဘဝ၌လည်းထဝရအသက်ရရန်၊ဆင်းရဲ၍ကုန်းကောက်စရာမရှိသောသူတို့အား ပေးကမ်းကူညီခြင်းဖြင့်ခရစ်တော်မိန့်ဆိုသောအသက်၊လမ်း၊သမ္မာတရား၌တည်ကြပါစို့။

Daily Reflection