Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-05-16 10:16:21

မေလ(၁၇)ရက်
ပါစကားကာလစတုတ္ထသီတင်းပတ်
စနေနေ့။
ယောဟန် ၁၄း၇-၁၄
Reflection by Sr.Christine Dah(RGS)

မြန်မာ့စစ်ဆင်ရေးသမိုင်းအဆက်ဆကမှယနေ့ထိတိုင်သုံးသပ်ကြည့်သော်စိတ်ဓါတ်ရေးရာစစ်ဆင်ရေးသည်အစွမ်းထက်လှသည်ဤတွင်စည်းလုံးမူသည်သမိုင်း၏အက္ခရာဖြစ်ကြောင်းသက်သေပြသည်။ယနေ့ဧဝံဂေလိကျမ်းတွင်ခရစ်တော်သည်ခမည်းတော်နှင့်တလုံးတဝတည်းရှိခြင်း၊ခမည်းတော်အားဖြင့်တန်ခိုးကြီးခြင်း၊ခမည်းတော်အားဖြင့် ဆုတောင်းမှုပြည့်ဝခြင်းတို့ကိဖော်ပြသည်။ထို့အတူခမည်းတော်ဘုရားနှင့်လူသားများကြားတံတားကြီးပမာရပ်တည်လျက်သူနှင့်ခမည်းတော်ဘုရားတလုံးတဝတည်ရပ်တည်သကဲ့သို့လူသားနှင့်သူ့၏ခမည်းတော်ဘုရားတလုံးတဝတည်းရှိရန် ဖိတ်ခေါ်သည်။ ရပ်တည်ပေးသည်။ ဧကန်စင်စစ် ခရစ်တော်မှတဆင့် ခမည်းတော်ဘုရားနှင့် တလုံးတဝတည်းရှိနေခြင်းသည် အရာရာ၌အစွမ်းထက်စွာစွမ်းဆောင်နိုင်အားရှိမည်။ရဟန္တာမေရိယူဖရန်းစီးယာမိန့်ဆိုခဲ့ဖူးသည်မှာသင်တို့သည်တလုံးတဝတည်းရှိကြလျင်အရာရာတိုင်းတွင်အံမခန်းစွာစွမ်းဆောင်နိုင်မည်ဟုဆိုသည်။သို့ဖြစ်၍ခရစ်တော်မှတဆင့်ခမည်းတော်ဘုရားနှင့်တလုံးတဝတည်းရှိရန်ယုံကြည်ခြင်း၊ဆုတောင်းခြင်းတို့ဖြင့်ရင်းနှီးမှုတည်ဆောက်ရမည်ဖြစ်သည်။ထိုသို့ဆုတောင်းခြင်းဖြင့်တည်ဆောက်သောအခါ၌လည်းမိမိအလိုတော်အတိုင်းမဟုတ်ဘဲခရစ်တော်၏အလိုတော်အတိုင်း ဆုတောင်းရန်ဖြစ်သည်။ ခမည်းတော်ဘုရား၊ သားတော်ဘုရားထံမှ အားတန်ခိုးရယူလျက်ထိုအားအင်တို့ဖြင့်လူသားအချင်းချင်းပြန်လည်အကျိုးပြုနိုင်ရန် ကြိုးစားကြပါစို့။


Daily Reflection