မေလ(၂၈)ရက်
ပါစကားကာလဆဌမသီတင်းပတ်ဗုဒ္ဓဟူးနေ့။
ယောဟန် ၁၅း ၁၂-၁၅
Reflection by Sr.Christine Dah (RGS)
ငါသည်သင်တို့အားပြောစရာအကြောင်းအရာများစွာရှိသေးသော်လည်းသင်တို့သည်ယခုခံယူနိုင်ကြမည်မဟုတ်။သမ္မာတရား၏ဝိညာဉ်တော်ကြွလာတော်မူသောအခါသူသည်သမ္မာတရားအကြောင်းအလုံးစုံတို့ကိုသင်တို့အားသွန်သင်တော်မူလိမ့်မည်။အကြောင်းမူကားထိုအရှင်သည် မိမိ၏အခွင့်အာဏာ အလျောက် ဟောပြောလိမ့်မည်မဟုတ်။သို့သော်ထိုအရှင်သည်မိမိကြားသိရသောအကြောင်းအရာများကိုဟောပြောတော်မူလိမ့်မည်။ထို့ပြင်ထိုအရှင်သည်နောင်ဖြစ်လတ္တံ့သောအကြောင်းအရာတို့ကိုသင်တို့အားပြောကြားတော်မူလိမ့်မည်။ထိုအရှင်သည်ငါ၏ဘုန်းဂုဏ်တော်ကိုထင်ရှာစေလိမ့်မည်။အကြောင်းမူကားထိုအရှင်သည်ငါ၏တရားကိုယူ၍သင်တို့အားကြားသိစေမည်ဖြစ်သောကြောင့်တည်း။ခမည်းတော်၌ရှိသမျှသည်ငါနှင့်သက်ဆိုင်၏။ထို့ကြောင့်ထိုအရှင်သည်ငါနှင့်သက်ဆိုင်သောတရားကိုယူ၍သင်တို့အားကြားသိစေလိမ့်မည်ဟုငါဆိုခြင်း၏။ရှင်ယောဟန် ၁၆:၁၂-၁၅
ထောက်ရှုခြင်း
နားထောင်ခြင်းဟူသည် လွယ်မယောင်နှင့်ခက်သည်။ အနုပညာဆန်သည်။ နားထောင်ခြင်းသည်ကုသခြင်းလည်းဖြစ်သည်။ပြောသူအဖို့မနားတန်းပြောနိုင်သော်လည်းအာရုံစိုက်နားထောင်သူအဖို့ပင်ပန်းလှသည်။.အထူးသဖြင့်ကြေကွဲ