ဇွန်လ(၃)ရက်
ပါစကားကာလသတ္တမသီတင်းပတ် အင်္ဂါနေ့။
ယေဟန် ၁၇း ၁-၁၁ က
Reflection by Joseph Win Hlaing Oo
ဒီနေ့ကျမ်းပုဒ်အရဆိုရင်ခရစ်တော်ဘုရားဟာဘုရားသခင်ဆီကိုမေတ္တာဆိုတယ်၊ဆုတောင်းတယ်ဆိုတာကိုဖတ်ရပါတယ်။ဘုရားဖြစ်တဲ့ခရစ်တော်တောင်မှဆုတောင်းတယ်ဆိုရင်ကျွန်တော်တို့လူတွေဟာဘုရားသခင်ဆီကိုအမြဲဆုတောင်းနေဖို့လိုအပ်ပါတယ်။တကယ်တော့ဆုတောင်းခြင်းဆိုတာက မိမိဘက်ကဘုရားကိုယုံကြည်နေတုန်း၊ဘုရားနှင့်အဆက်အသွယ်ရှိနေတယ်ဆိုတာကိုသက်သေပြနေခြင်းဖြစ်ပါတယ်။