ဇူလိုင်လ(၆)ရက်
(၁၄)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့။
လုကာ ၁၀း၁-၁၂.၁၇-၂၀
Reflection by သီကိုရှင်း (SDB)
ပရောဖက်ဟေရှာယကဘုရားသခင်၏ကယ်တင်မူခြင်းသည်ငြိမ်းချမ်းခြင်းနှင့်နှစ်သိမ့်ချမ်းသာပေးခြင်းဖြစ်ကြောင်းကြေညာသည်။ ရှင်ပေါလုကဂလာတိမြို့သားတို့အားမိမိ၏အဖွဲ့အစည်းကိုဘုရားသခင်၏နှုတ်ကပါတ်တော်ကိုလက်ခံကျင့်ကြံသူများအားဖြင့်ငြိမ်းချမ်းခြင်းနှင့်ကရုဏာတရားတို့မွေ့လျော်ရာအသစ်ဖန်ဆင်းခြင်းနေရာတစ်ခုအဖြစ်မြင်တွေ့ကြရန် ဖိတ်ခေါ်ထားသည်။ဧဝံဂေလိကျမ်းပြုပုဂ္ဂိုလ်ရှင်လုကားကသခင်ယေဇူးသည်တပည့်တော် ၇၂ပါးကိုရွေးကောက်ကာဒေသနာတော်တရားဟောကြားရန်စေလွှတ်ခြင်းအကြောင်းကိုတင်ပြထားသည်။ကောင်းကင်နိုင်ငံတော်အကြောင်းနေရာအနှံ့ပြန့်နှံ့ကာလူအများသိရှိရန်လိုအပ်သည်။ထို့ကြောင့်သာသနာတိုးတက်ပြန့်ပွားရနရည်ရွယ်၍တပည့်တော်၇၂ပါးကိုရွေးချယ်စေလွှတ်သည်။သူတို့အားကိုယ်တော်မိန့်မှာသွန်သင်ချက်တို့သည်ရှင်းလင်းပြတ်သား၏။အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ပြင်ဆင်မှုအားကောင်းလှသည်ကိတွေ့ရသည်။ ငြိမ်းချမ်းခြင်းကိုပေး၍ကောင်းကြီးသက်ရောက်စေရန်၊ဖျားနာသူကိုကုသရန်သူတို့အားကိုယ်တော်စေလွှတ်ခဲ့သည်။ဤနည်းအားဖြင့်ကောင်းကင်နိုင်ငံတော်အကြောင်းကြေညာရန်ဖြစ်စေခဲ့သည်။ဘုရားသခင်သည်တပည့်တော်များကိုခေါ်ခြင်းမှာအခြားဟုတ်။စေလွှတ်ရန်သာသနာပြုရန်နှင့်ဒေသနာတော်ဟောကြားရန်အတွက်ပင်ဖြစ်သည်။သူတို့၏ကြေညာဟောပြောခြင်းအားဘုရားသခင်၏မေတ္တာတရား၊တရားမျှတမှု၊ကရုဏာနှင့်ငြိမ်းချမ်းခြင်းတရားတို့ကိုလူအများသိရှိခံစားရန်အတွက်ဖြစ်သည်။ကျွနိုပ်တို့ကိုလည်းကိုယ်တော်ခေါ်နေသည်။သာသနာပြုရန်စေလွှတ်နေသည်။ထမ်းရွက်ကြမည်လား။သာသနာလယ်ကွင်းပြင်၏အရှင်ဖြစ်တော်မူသောအိုဘုရားသခင်၊တပည့်တော်တို့အားကိုယ်တော်တော်၏မေတ္တာတရားနှင့်ကောင်းမြတ်ခြင်းကိုလူအများသိစေရန်သက်သေခံသောသူများဖြစ်စေတော်မူပါ။