ဇူလိုင်လ(၇)ရက်
(၁၄)ကြိမ်မြောက်သာမန်ကာလသီတင်းပတ် တနင်္ဂလာနေ့။
မာတေဦး၉း၁၈-၂၆
Reflection by သီကိုရှင်း(SDB)
သခင်ယေဇူး၏ကုသခြင်းတန်ခိုးတော်ကိုမတူညီသောလူနှစ်ဦးကပုံစံကွဲပြားစွာရရှိခဲ့ကြသည်ပထမတစ်ဦးမှာသေသွားသောသမီးဖြစ်သူအစားအကူညီတောင်းခံသောတရားဇရပ်မှူး။ဒုတိယတစ်ဦးမှ
ယုံကြည်ခြင်းရှိသော်လည်းမဝံ့မရဲနှင့်ကိုယ်တော်၏ဝတ်ရုံတော်ကိုတိတ်တဆိတ်ထိတွေ့ခဲ့သူသွေးသွန်နာစွဲသောအမျိုးသမီး။နှစ်ဦးစလုံးကယုံကြည်သောကြောင့်သခင်ယေဇူး၏ကုသခြင်းကိုရရှိခဲ့ကြသည်။ပြင်းပြလှသည့်ဝေဒနာကိုခံနိုင်ရည်စွမ်းမရှိတော့သည့်အတွက်ကိုယ်တော်ရှင်သည်ကုစားပေးနိုင်ကြောင်းတပ်အပ်ယုံကြည်ထားခဲ့ကြသည်။ကုသခြင်းတန်ခိုးထွက်ပေါ်လာရန်အဓိကလိုအပ်ချက်မှာယုံကြည်ခြင်းဖြစ်၏။ယုံကြည်ခြင်းဖြင့်ပြုသောအရာတိုင်းသည်ဘုရားသခင်၏မေတ္တာကရုဏာကိုခံစားစေနိုင်သည်။ယုံကြည်ခြင်းသည်မေတ္တာတံခါး၊ကောင်းကင်တံခါးတို့ကိုဖွင့်ရန်အရေးကြီးသောသော့တစ်ချောင်းနှင့်တူပေသည်။