ဇူလိုင်လ(၁၂)ရက်
(၁၄)ကြိမ်မြောက်သာမန်ကာလသီတင်းပတ်
စနေနေ့။
မာတေဉီး ၁၀း၂၄-၃၃
Reflection by Thikoshin (SDB)
ကြိုမြင်ထားသည့်ညှင်းပမ်းနှိပ်စက်ခြင်း၊အတားအဆီးအန္တရယ်များကိုထိတ်လန်ကြောက်ရွံ့နေမည့်စိတ်ကိုကျော်လွှားနိုင်ရန်ကိုယ်တော်ကတပည့်တော်တို့အားဆက်လက်သွန်သင်နေသည်။စာငှက်လေးတစ်ကောင်သည်အဖခမည်းတော်အလိုမရှိပါဘဲမြေပေါ်သို့ကျနိုင်မည်မဟုတ်ကြောင်းပုံခိုင်းနှိုင်း၍တပည့်တော်တို့အားနှစ်သိမ့်ခွန်အားပေးခဲ့သည်။သခင်ခရစ်တော်ကလောကသဘဝတရားများနှင့်ပုံဥပမာပေး၍သွန်သင်သည်ကခပ်များများရှိသည်။သဘာဝကိုလည်းချစ်၍လူ့အရေးကိစ္စကိုလည်းမျက်ကွယ်မပြု။ဘုရားရှင်ဖက်မှကာကွယ်စောင့်ရှောက်ခြင်းရှိနေသရွေ့ကျွန်ုပ်တို့သည်ကြောက်လန့်စရာမရှိ။ တိရိစ္ဆာန်စာငှက်လေးများထက်ပိုတန်ဖိုးရှိသည်ဟုဆိုလိုက်ခြင်းမှာဘုရားရှင်ရှေ့၌လူသည်သိက္ခာတန်ဖိုးပြည့်ဝသူဖြစ်ကြော