Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-07-12 10:03:52

ဇူလိုင်လ(၁၃)ရက်
(၁၅)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့။
မာကု ၁၀း၂၅-၃၇
Reflection by Thikoshin (SDB)

ဘုရားသခင်၏ပညတ်တရားများသည် လိုက်ကျင့်ရန် ခက်ခဲပြီး လိုက်မမှီနိုင်သောဥပဒေများ မဟုတ်ကြောင်းပထမကျမ်းစာမှာတွေ့ရသည်။ဒုတိယကျမ်းစာမှာခရစ်တော်အားဖြင့်ခရစ်တော်အတွက်အရာရာတိုင်းသည်ဖြစ်တည်လာရကြောင်းဖတ်ရှုရသည်။ဧဝံဂေလိကျမ်းကတော့ဘုရားရှင်နှင့်မိမိနှင့်နီးစပ်သူအားချစ်ခြင်းမေတ္တာထားရှိခြင်းသည်ထာဝရအသက်ရရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်
စပိန်အတွေးအခေါ်ပညာရှင်နှင့်ဓမ္မသင်္ဂြိုလ်ပညာရှင်တစ်ဦးဖြစ်သူရေမွန်ပန်နီကာက ကော်စမိုသီအန်းဒရစ်Cosmothoandrielဟူသောဝေါဟာရတစ်ခုကိုတင်ပြခဲ့ဖူးသည်။ဤဝေါဟာရ၏အနက်မှာစကြဝဠာ၊ဘုရားသခင်နှင့်လူသားသဟဇာတရှိစွာပေါင်းစည်းဖြစ်တည်၏။စကြဝဠာကြီးနှင့်အတူလူသားသည်ဘုရားသခင်နှင့် အပြန်အလှန် ဆက်နွယ်ပတ်သက်မှုရှိသည်။ ဘုရား၊ လူသား၊ လောကကြီးသည် သဟဇာတ ရှိစွာ ဖြစ်တည်နေ၏။ ပေါင်းစည်းခြင်း၏ ပြယုဂ်ဟုလည်း ဆိုနိုင်သည်။ ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာခြင်းအားဖြင့်၊ ခရစ်တော်အားဖြင့် ဖြစ်တည်လာသည့် လောကအရာများကို ထောက်ရှုခြင်းအားဖြင့် ပို၍ နီးကပ်စွာ ပေါင်းစည်းနိုင်ကြသည်။ ဤဆက်နွယ်မှုအပေါ် အခြေခံ၍ မိမိနှင့်နီးစပ်သူများကို မေတ္တာပြခြင်းဖြင့် ဘုရားသခင်ကိုလည်း ချစ်တတ်လာနိုင်သည်။ ဘုရားကို ချစ်မြတ်နိုး၍ လူကို မေတ္တာထားကာ လောကကြီးကို တန်ဖိုးထားတတ်ရန်လိုအပ်သည်။အရာအားလုံးကို ဖန်ဆင်းရှင် အိုဘုရားသခင်၊ဖန်ဆင်းခံအရာများနှင့်ဆက်နွယ်မှုကို မြင်နိုင်သောကျေးဇူးကိုပေးသနားတော်မူ၍လောက လူသားများ၏နာကျင်ဒုက္ခဝေဒနာများအားခံစားသိမြင်နိုင်ရန်ကူညီတော်မူပါ။

Daily Reflection