ဇူလိုင်လ(၁၉)ရက်
စနေနေ။
(၁၅)ကြိမ်မြောက်သာမန်ကာလသီတင်းပတ်
မာတေဦး ၁၂း၁၄-၂၁
Reflection by Thikoshin (SDB)
အသင်းတော်ထဲမှာကျွန်ုပ်တို့ဝေမျှထမ်းဆောင်နေသောသာသနာလုပ်ငန်းသည်သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ချက်ဖြစ်သည်။ထိုအမှုကိုဆောင်ရွက်ခြင်းအားဖြင့်ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းကိုတစ်ထောင့်တစ်နေရာမှပါဝင်ပြန့်နှံ့စေသည်။ဝိညာဉ်တော်ဘုရား၏အသုံးတော်ခံကျွန်ုပ်တို့အားဝိညာဉ်တော်မှလမ်းညွှန်ဦးဆောင်၍အစဉ်ခွန်အားပေးနေ၏။ဝိညာဉ်တော်ပေးသောကျေးဇူးတော်အသီးအပွင့်များဖြင့်ဝိညာဉ်တော်၏လုပ်ငန်းမှာအတူဝေမျှပါဝင်ကြခြင်းသာဖြစ်သည်။ဝိညာဉ်တော်၏ကျေးဇူးတော်များသည်တစ်ခုနှင့်တစ်ခုဆက်စပ်နေ၏။တစ်ခုမရှိလျှင် တစ်ခု မတည်နိုင်။ဝိညာဉ်တော်ရှိလျှင်ထိုကျေးဇူးအားလုံးလည်းတည်၏။ဘုရားသခင်၏သာသနာအမှုကိုဆောင်ရွက်ရာတွင်ကျွန်ုပ်တို့အားလည်းဝိညာဉ်တော်အသီးပွင့်များကိုပေးထားပါသည်။ဝိညာဉ်တော်ရှိလျှင်အသီးပွင့်များတည်၍ကောင်းကင်နိုင်ငံတော်သည်လည်ကျွန်ုပ်တို့နှလုံးသားထဲ၌တည်နေလေပြီ။