Matthew 13: 1 - 23
Reflection by Fr. Paschal Thikoshin, SDB
Posted by Sr. Maria Ni Ni
ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့
သခင်ယေဇူး မိန့်ကြားခဲ့သည် ပုံဥပမာတွေထဲက ထောက်ရှုစရာကောင်းသည့်ဥပမာမှာ မျိုးကြဲသူ ပုံဥပမာပင် ဖြစ်သည်။မျိုးကြဲသူ၊မျိုးစေ့၊လယ်ကွင်း၊စိုက်ပျိုးခြင်း၊
မျိုးစေ့ကြဲပျိုးခြင်း၊ မျိုးစေ့နဲ့ မြေကြီးထိတွေ့၍ အဆံအောင်ခြင်း၊ စသည့် အရာအားလုံးသည်သီးနှံဖြစ်ထွန်းရေးအတွက် အရေးကြီးသော အရာများဖြစ်၏။ မျိုးစေ့နှင့်
မြေကြီး ထိတွေ့ခြင်းကမရှိမဖြစ်လိုအပ်သကဲ့သို့ ဘုရားနှင့်လူ ဆုံတွေ့ခြင်းသည်လည်း အသက်မျှ အရေးကြီးသည်။ လက်ခံတုန့်ပြန်ခြင်းအပေါ်တည်၍ပြောင်းလဲဖြစ်ထွန်းခြင်း
သည်လည်းကွာခြားသွားမည်ပင်။ အခွင့်ရေးတစ်ခု ရှိသည်မှာ ကျွနု်ပ်တို့သည်သခင်ယေဇူးနှင့် တွေ့ဆုံပြီး ပြန့်ကျဲနေသော အစေ့တို့ကို နောက်တစ်ကြိမ် ပြန်ကြဲနိုင်၏။ ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နိုင်ရန် တည့်မတ်နိုင်၏။ အကောင်းပြုရန် ကြိုးစားနိုင်သေး၏။သခင်ယေဇူးနှင့် အမှန်တကယ်ဆုံတွေ့မှသာလျှင် ဘဝအသက်တာသည်
ပြောင်းလဲ၍သီးပွင့်ဝေဆာလာမည်ဖြစ်သည်။