Matthew 13: 10 -17
Reflection by Fr. Paschal Thikoshin
Posted by Sr. Maria Ni Ni, MSP
ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့
သခင်ယေဇူးကသူဟောပြောသော တရားများကို လူတိုင်း နားလည်ရန် မလွယ်ကူကြောင်း တပည့်တေ်ကြီးများအား ရှင်းပြပါသည်။ ပို၍ နားလည်သဘောပေါက်ရန် ဥပမာ သာဓကဆောင်၍ ဟောကြားခြင်းက ထိရောက်ပေသည်။ သာဓကများသည် လူ့ဦးနှောက် နားလည်နိုင်စွမ်းကို ဖွင့်ပေးသည်။ ခက်ခဲနက်နဲသော အရာများကို ဥပမာများက လွယ်ကူအောင် ရှင်းပြနိုင်စွမ်းရှိသည်။ ရဟန်းဘုန်းတော်ကြီးတို့ တရားပေးသည့်အခါမှာ လည်း ပုံပြင်၊ အဖြစ်အပျက်၊ ဥပမာများပေး၍ ဟောကြားလျှင် လူပရိသတ်က ပိုနားလည်သည်။ သခင်ယေဇူးဟောသော ဥပမာကို ပိုနားလည်အောင် ဥပမာထပ်၍ ရှင်းပြရသည့်အချိန်များလည်းရှိသည်။ လူများသည် သူတို့၏ နေ့စ်ဘ၀နှင့် ဆက်စပ်မှုရှိနေလျှင် ပိုသဘောပေါက်လွယ်သည်။ တချို့လွယ်လွယ်နှင့် သဘောမပေါက်နိုင်။ အချိန်ယူရသည်။ စိတ်ရှည်ရသည်။ တချို့ကျ တမင် မကြားချင်၍ နားပိတ်၊ မျက်စိပိတ်၊ နှလုံးသားတို့ ပိတ်ထားကြ သူများလည်းရှိသည်။ ထိုသို့ဖြစ်နေပါလျှင်မူ နုတ်ကပါတ်တော်က လူ့ဘ၀ထဲမှာ ၀င်ရောက်အသက်ရှင်ရန် ခက်ခဲနေပေဦးတော့မည်။