John 11: 19 -27Reflection by Fr. Paschal Thikoshin, SDB
Posted by Sr. Maria Ni Ni
ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့
ပုံမှန်အားဖြင့် နားထောင်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုကို သိကျွမ်းလေ့လာရန် ဖြစ်၏။ ၎င်းထက် ပိုသည်မှာ နားထောင်သည့်အရာကို လိုက်ကျင့်နိုင်ခြင်းပင်ဖြစ်သည်။ ဆုံးဖြတ်ရခက်သည့် ဘဝအခြေအနေမျိုး ကြုံဖူးကြမှာပါ။ ထိုအခြေအနေမှာ ဆုတောင်းရန် အချိန်ယူ၍ ဝိညာဉ်တော်၏ အလင်းပြမှုကို တောင်းခံလေ့ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပါတ်တော်စကားကို အာရုံစိုက်၍ နားထောင်တတ်ခြင်းသည် ဝိညာဉ်ရေးရာခွန်အားသတ္တိကိုပေး၏။ စစ်မှန်သော နားထောင်ခြင်းသည် ကျင့်ကြံနေထိုင်ရန် ခွန်အားကို ပေးသည်။ နားထောင်တတ်သော နှလုံးသားရှိသူသည် ဘုရားသခင်အား ချစ်မြတ်နိုးစွာ ကြိုဆိုလက်ခံ ရှာဖွေတတ်သည်။ ဤသို့သော နှလုံးသားဖြင့် မာရီယားသည် ခရစ်တော်သခင်အား နားထောင်ခဲ့သည်။ ဘုရားသခင်အား မာရီယားကဲ့သို့ စိတ်နှလုံးအပြည့်အ၀ နားထောင်၍ မာသားကဲ့သို့ လက်တွေ့ကျင့်ကြံရန်လည်း လိုသေးသည်။