24th Week in Ordinary Time Saturday
Luke 8:4 - 15
Reflection by Sr. Raymonda Hla, ZSLF
Posted by Sr. Maria Ni Ni, MSP
ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့်တရားစကားကိုကြားနာကြစို့
ယနေ့ကျမ်းစာတော်၌ ကျွန်ပ်တို့ကိုမျိုးစေ့ကြဲသောအကြောင်းပုံဥပမာဖြင့်သွန်သင်ပေးနေသည်။ ဘုရားရှင် ကြဲနေသောတရားမျိုးစေ့များသည် ကျွန်ပ်တို့တစ်ဦးစီ၏စိတ်နှလုံးထဲတွင် ဘယ်လိုစိတ်ထားမျိုးဖြင့်လက်ခံနေသနည်း။ မိမိတို့၏နှလုံးသားသည် လမ်းပေါ်ဖြစ်နေလား၊ ကျောက်ပေါ်ဖြစ်နေလား၊ ဆူးပင်ကြားဖြစ်နေလား၊ ကောင်းသောမြေပေါ်ဖြစ်နေလား။ ပြန်လည်သုံးသပ်ထောက်ရှုရန်လိုအပ်သည်။ ကျွန်ပ်တို့၏ယုံကြည်ခြင်းကို နတ်ဆိုး၏ဆွဲဆောင်မှုကျော့ကွင်းမှကင်းလွတ်ရန်၊ စုံစမ်းနှောက်ယှက်ခြင်းအလယ်တွင် ခိုင်မြဲစွာတည်ရှိရန်၊ လောကီ ဆွဲဆောင်မှုများ၊ တပ်မက်မှုများမှ ကင်းဝေးရန်၊အမြဲသတိတရားရှိရမည်။ ဘုရားမြဲတရားမြဲရန် လိုအပ်သည်။ မိမိတို့၏ နှလုံးသားသည် အမြဲဖြူစင်ဖြောင့်မတ်ရန်လိုအပ်သည်။ မကောင်းမှုများမှ ကင်းဝေးရန်နှင့် ဘုရားရှင်၏ တရားစကား နှလုံးသွင်းလိုက်နာကျင့်ကြံရန်အရေးကြီးပါသည်။ တိုတောင်းလှသောလူ့ဘဝတွင် ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးဖြင့် တရားစကားကိုကြားနာလျှက် ကောင်းမွန်သော အသီးအပွင့်များဝေဆာရန်လိုအပ်ပါသည်။ သို့မှသာလျှင် နောင်ဘဝတွင် သန့်ရှင်းမွန်မြတ်သော ကိုယ်တော်ရှင်ကို ဖူးမြော်နိုင်မည်ဖြစ်ပါသည်။