Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-19 03:30:38

25th Week in Ordinary Time Sunday, Luke 16:1-13

Reflection by Sr. Raymonda Hla, ZSLF

Posted by Sr. Maria Ni Ni, MSP

 ကောင်းသောအစေခံအမှုပြုခြင်း

ဘုရားရှင်၏နှုတ်တော်ထွက်တရားသည်ကျွန်ပ်တို့ကိုဖိတ်ခေါ်နေသည်မှာ မည်သည့်အမှု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊သစာစောင့်စည်းခြင်းသည်အရေးကြီးသောအချက်ဖြစ်ပါသည်။ပေးအပ်ခြင်းခံရသော တာဝန်များကိုစိတ်ကောင်းနှလုံးကောင်းဖြင့် လိုက်နာဆောင်ရွက်ခြင်းဖြင့် အစေခံအမှုပြုရမည်။ “သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်းမခံနိုင်ကြ” ဘုရားုအစေခံလျှင် လောကီ စည်းစိမ်တပ်မက်မှုရှောင်ကြဥ်ရမည်။ လောကီစည်းစိမ်တပ်မက်မှုရှိလျှင်ဘုရားရှင်၏လမ်းစဥ်လျောက်လှမ်း ရန်မဖြစ် နိုင်ချေ။ သို့ဖြစ်၍ မိမိတစ်ဦးစီသည် ဘုရားရှင်ပေးသော လွတ်လပ်မှုအပေါ်မူတည်၍ ရွေးချယ်ရာတွင် သတိထားပြီး ရွေးချယ်ရန်လိုအပ်သည်။လွယ်ကူပြီး တပ်မက်စရာကောင်းသော ခေတလူ့ဘဝကို မရွေးချယ်မိရန်လိုအပ်ပါသည်။ ခက်ခဲကြမ်းတမ်းနေသော်လည်း နှောင်ဘဝကောင်းစားရန် ချိုးခြံမှု၊ ချုပ်တီးမှု၊ဆင်းရဲမှု၊ ဆုတောင်းမွေ့လျှော်မှု၊ စွဲလမ်းတပ်မက် ကင်းသောမနောဖြင့် ဘဝကိုလျောက်လှမ်းရမည်။ ခရစ်တော်၏ဘဝလမ်းစဥ်သည် လွယ်ကူသည့် လမ်းစဥ်မဟုတ်သော်လည်းကျေးဇူးတော်ပါလျှင် ဖြတ်‌ကျော်နိုင်သည့်လမ်းစဥ်ဖြစ်ပါသည်။ မိမိ၏ချစ်သူအနားတွင် နေရချိန်တွင် အနှိုင်းမဲ့သောပျော်ရွင်ကြည်နှုးမှုခံစားသကဲ့သို့ခရစ်တော်ရှင်၏အနားမှာနေရလျင် လူ့လောကချစ်သူ ထက် ပိုမိုသာယာသော ကြည်နှုးချစ်ခြင်းမျိုးခံရမည်အမှန်ဖြစ်ပါသည်။ ဘုရားရှင်ကို ရက်ရောစွာ အစေခံအမှုပြုကြစို့။

 

 

Daily Reflection