Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-23 07:37:15

24 September Wednesday

25th Week in Ordinary Time

Luke 9: 1 - 6

Reflection by Sr. Raymonda Hla, ZSLF

Posted Sr. Maria Ni Ni, MSP

  

 

တပ်မက်မှုကင်းစွာဖြင့်ဆက်ကပ်ပါ။

“ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောစေခြင်းငှာလည်းကောင်း၊လူနာတို့ကိုချမ်းသာစေခြင်းငှာ လည်းကောင်းစေလွတ်တော်မူ၏” ခရစ်တော်ရှင်၏နောက်လိုက်သောသူတို့သည်ခရစ်တော်ဘုရားမိန့်ကြားသည့် အတိုင်း ကာယရောဂါ၊ စိတ်ရောဂါနှင့်ဝိညဥ်ရေးဆိုင်ရာရောဂါများ ကုသပေးရန်အတွက်လုပ်ဆောင်ရာတွင်ခရစ်တော်စိတ်ထားအတုယူလုပ်ဆောင်ရမည်။အထူးသဖြင့်ခရစ်တော်မိန့်ကြားသည့်အတိုင်းလုပ်ဆောင်ရန်တာဝန်ရှိ ပါသည်။သတင်းကောင်းဟောကြားရန် သွားရသည့်အချိန်တွင် ဘယ်အရာမျှမယူသွားရန်မိန့်တော်မူသည်မှာလောက ပစည်းများအပေါ်တက်မက်မှုကင်းစွာဖြင့်ဆက်ကပ်ရန်တောင်းဆိုခြင်းဖြစ်ပါသည်။ ရွေ၊ငွေ၊ ပစည်းများကို အသုံးပြုရန် လိုအပ်သည့်အချိန်တွင် လိုချင်သည်ထက်လိုအပ်မှသာဝယ်ယူသုံးပြုရန်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ မိမိတို့၏ဗီဒိုထဲ၊ အိပ်ယာအခန်းထဲပစည်းဥစာများသည် လိုအပ်သည်ထက်ပိုနေလျှင် သူတစ်ပါးပိုင်ဆိုင်မှုကို ရယူခြင်း (သို့) သိမ်းထားခြင်းသာဖြစ်သည့်အတွက်မိမိတို့ထက်လိုအပ်သူများကို ရက်ရာစွာမျှဝေပေးရမည်။ အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်မြတ်မိန့်ကြားသည်မှာ “လမ်းခရီးသွားချင်တွင် ဘယ်အရာမျှမယူသွားရန်၊တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေ၊ အကျႅီနှစ်ထည်မပါနှင့်” ထို့ကြောင့် လောကပစည်းများအသုံးပြုရာတွင်ကျွန်ပ်တို့လုပ်ငန်းအတွက်အထောက်အကူ ဖြစ်စေရမည်၊ လောကပစည်းများကြောင့်ေနာက်ဆန်တင်း၍စိတ်အနောက်အယှက်မဖြစ်သင့်ချေ။ အထူးသဖြင့် သူတော်စင်ဘဝလျှောက်လှမ်းနေသောသူများသည်မိမိတို့၏သာသနာအတွက်၊ တိုက်နယ်အတွက်၊ အသင်းဂိုဏ်း အတွက်၊ အသင်းအဖွဲ့အတွက်၊မိသားစုအတွက် စိတ်ပူပန်ဖြစ်နေလျှင်၊ ဤလောကပစည်းအတွက်တာ ဦးစားပေး အလုပ်များနေလျှင်ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို မည်သည့်အချိန်‌ဟောကြားနေမည်နည်း။ ဘယ်လို နည်းစနစ်ဖြင့်ဟောကြားနိုင်မည်နည်း။မိမိတို့၏လုပ်ဆောင်ချက်သည် ဘုရားအလိုတော်၊ ဘုရားရှင်၏ လမ်းစဥ်နှင့်သယ်ဖီနေလျှင်နောက်လိုက်ကောင်းဖြစ်နေမည်လား။ တက်မက်မှုကင်း စွာဖြင့်ဆက်ကပ်ရန် အရေးကြီး သလိုထိုသို့ပြုရန် တာဝန်ရှိကြပါသည်။ အနာရောဂါများကုသပေးနိုင်ရန် တစ်ဦးစီသည်ခရစ်တော်စိတ်ထား အတုယူရန်လိုအပ်သည်။

 

Daily Reflection