Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-10-01 23:12:23
2 October 2025 Thursday

Matthew 18:1-5, 10

Reflection by RNDM Sisters

Posted by Sr. Maria Ni Ni

သခင်ယေဇူးက ဘုရားသခင်၏ နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟူ၍ တမန်တော်ကြီးများ မေးသည်မေးခွန်းကို ကလေးငယ်တဦးအား အသုံးပြု၍ဖြေဆိုခဲ့ပါသည်။ မည်သူကမျှ ကြီးမြတ်ပါသည်ဟူ၍ သတ်မှတ်လေ့မရှိတတ်သည့် ကလေးငယ်တဦးကို ရွေးချယ်ခဲ့ပါသည်။ ကလေးငယ်များ၏ သဘာဝတွင်လူများအား ခွဲခြားဆက်ဆံခြင်း နှင့် အရာမသွင်းခြင်းများ မပြုလုပ်တတ်ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ကလေးငယ်များက လူတိုင်းအားရင်းနှီးစွာ ဆက်ဆံနိုင်ကြသည်။ "သင်တိုသည် ဤသူငယ်တို့တွင် တစ်ဦးကိုမျှ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား သင်တို့အား ငါအမှန်ဆိုသည်မှာ ဤသူငယ်တို့၏ကောင်းကင်တမန်တော်တို့သည် ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်ကို အစဉ်မပြတ် ဖူးမြော်လျက်ရှိကြ၏။"ဟူ၍ သတိပေးထားပါသည်။ ကျွန်ုပ်တို့သည်ထိုကလေးငယ်တို့ လိုအပ်မှုရှိနေသည့်အချိန်တိုင်းတွင်သူတို့အားကူညီသင့်ကြပါသည်။ သခင်ယေဇူးက ကလေးငယ်များကဲ့သို့ ပြောင်းလဲကာ သူတို့ကဲ့သို့ပြုမူကျင့်ကြံတတ်ကြရန် ကျွန်ုပ်တို့အား   အသိပေးလိုနေခြင်းဖြစ်ပါသည်။ ကလေးငယ်များတွင်သာတွေ့ရတတ်သည့် ဘုရားသခင်နှင့်ရင်းနှီး ကျွမ်းဝင်မှုမျိုးရှိနေခြင်း၊ သူ၏မျက်မှောက်တော်တွင်အမြဲ ရှင်သန်နေထိုင်ခြင်း နှင့် နေရာတိုင်းတွင် သူရှိနေသည်ဟုခံယူခြင်း စသည့်အရာများမှာ ဘုရားသခင်၏သားသမီးတို့ အတွက် လွတ်မြောက်ခြင်း ကောင်းချီးမင်္ဂလာများ ဖြစ်ပါတော့သည်။ ဘုရားသခင်က ကျွန်ုပ်တို့ တဦးချင်းစီအား ရှုမြင်တော်မူသကဲ့သို့ ကျွန်ုပ်တို့ အချင်းချင်းကြားတွင်လည်း ရှုမြင်နိုင်ကြရန်၊ လူတိုင်းအပေါ် လေးစားတန်ဖိုးထားနိုင်ကြရန်ဘုရားသခ်ထံ ကျေးဇူတော်များတောင်းခံကြပါစို့။ဤအကြောင်းအရာများမှာ လူ့အသိုင်းအဝိုင်းတွင် ထိခိုက်လွယ်ကာ အားနည်းနေသူများနှင့်အပယ်ခံများ အပေါ်ဘုရားသခင်က အလေးအနက်ဂရုစိုက်နေသည်ဟူသည့် အမြင်သဘောထားနှင့် ဆက်နွယ်နေသည်ဖြစ်ရာ၊ နောက်လိုက်ကောင်းများပီသလာနိုင်ကြရန်အတွက် လူ့အသိုင်းအဝိုင်း၏ လစ်လျူရှု၊မေ့လျှော့ခံများအား တန်ဖိုးထားနေရာပေးနိုင်ရန် မိမိတို့၏ရှုထောင့်အမြင်များလည်း အခြေခံကျကျပြောင်းလဲရန်လိုအပ်လာတော့မည် ဖြစ်ပါသည်။

 

 

Reflection: “Who’s the greatest in God’s kingdom?”
 Jesus used a little child to answer the disciples’ question “Who’s the greatest in God’s kingdom?” Jesus chose a little one no one else would call great. One of the characteristics that attracts me is that the children do not separate and categorize anybody. They are able to embrace everybody. Jesus warned us, “See that you do not despise one of these little ones, for I say to you that their angels in heaven always look upon the face of my heavenly Father.” We should always come to their aid when a needy situation arises. Jesus wants us to change and become like children. We are to have a familiarity like that of a child with God, the capacity of remaining in His presence, of seeking Him and finding Him everywhere… “it is the blessed freedom of the children of God. ”Let’s beg God for the grace to see each other as God sees us, everyone is of great value. The passage is connected with the idea that God deeply cares for the vulnerable and lost, and that discipleship involves a radical shift in perspective, valuing those often overlooked by society. (Henri Nouwen)

 



 



 

 

 

  

Daily Reflection