ထောက်ရှုချက်
ဤကျမ်းချက်များတွင်ပါဝင်သည့် သခင်ယေဇူးက လူနာများအားကုသပေးခြင်း၊ နတ်ဆိုးများနှင်ထုတ်ခြင်း နှင့် ကာဖာနာအုမ်မြို့တွင် သေသောသူအား ပြန်ရှင်စေခြင်းကဲ့သို့သော များစွာသောလုပ်ရပ်များက သခင်ယေဇူး၏တန်ခိုးတော်၊ ချစ်ခြင်းမေတ္တာနှင့် သူ၏ဘုရားသခင်နှင့်အတူရှိတော်မူခြင်းကို သက်သေခံနေပါသည်။ သခင်ယေဇူးကသူတို့၏ ဘဝနေထိုင်မှုပုံစံများနှင့် သူနှင့်သူ၏လုပ်ဆောင်မှုများအပေါ်ထားရှိကြသည့် သူတို့၏သဘောထားများကြောင့် လူတို့အားစိတ်ပျက်၊ စိတ်တိုနေခဲ့ခြင်းဖြစ်သည်။ယနေ့တွင်လည်း သခင်ယေဇူးက ကျွန်ုပ်တို့အားစကားပြောနေပါသည်။ သခင်ယေဇူး၏သတင်းကောင်းတော်မြတ်နှင့် ကျွန်ုပ်တို့အသက်တာ၏အရင်းအမြစ် ဖြစ်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ဘဝများတွင်လုပ်ဆောင်ပေးခဲ့သည့် ကြီးမြတ်သည့် လုပ်ဆောင်မှုများအပေါ် တုန့်ပြန်ကြသည့် ကျွန်ုပ်တို့၏ဘဝနေထိုင်မှုပုံစံများနှင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများအပေါ် ထောက်ရှုဆင်ခြင်မိကြရန်နှင့် ထိုကျေးဇူးများကိုအသိမှတ်မပြုခဲ့မိခြင်းများအတွက် နောင်တယူရန် ကျွန်ုပ်တို့အားဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။သခင်ယေဇူးက “ သင်တို့အားနားထောင်သူတို့သည် - - ဟူ၍ ပြောနေချိန်တွင်နားထောင် ဟူသော စကားလုံးတွင် “တန်ခိုးတော်” ပါရှိနေပါသည်။ အာရုံစိုက်၍ နားထောင်ခြင်းကကျွန်ုပ်တို့အား ရင့်ကျက်လာစေခြင်း၊ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်နိုင်ခြင်း၊ အခြားသူများအား လက်ခံဆက်ဆံလာနိုင်ခြင်း၊ အထူးသဖြင့်အားနည်းသူ ဆင်းရဲသားများ၊ အပယ်ခံများနှင့်
ဖျားနာနေသည့် ဤကမ္ဘာ မြေကြီးတို့အား ပိုမိုသနားလာနိုင်စေခြင်း ဟူသည့် တန်ခိုးစွမ်းရည်ကိုရရှိလာစေပါသည်။ နေ့စဉ် အသက် တာတွင် အလုပ်လုပ်ကိုင်ခြင်း၊စားသောက်ကြခြင်းများနှင့် စကားပြောဆိုကြခြင်းများ၏ ဆူညံပူညံ သံများ အလည်တွင် နှုတ်ကပါတ်တော်ကိုကြားနာနိုင်ရန် ကျွန်ုပ်တို့အား ပြင်ဆင်ပေးပါသည်။ အထူးအာရုံစိုက်ကာနားထောင်တတ်ခြင်းကကျွန်ုပ်တို့အား မိမိတို့၏ အသက်တာအကြောင်းများကို ပိုမို လေးနက်စွာသိမြင်လာစေခြင်း၊သိမ်မွေ့နူညံ့စွာ ချစ်ခင်လာတတ်စေခြင်း၊ အဓိပ္ပာယ်ရှိစွာ အစေခံနိုင်ခြင်း၊ ဘုရားသခင်အားပျော်ရွှင်စွာချီးမွမ်းတတ်ခြင်းနှင့် ကျေးဇူတင်တတ်ခြင်းများ ဖြစ်လာစေပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘဝအသက်တာနှင့်အတူ ဤကမ္ဘာကြီးအားပြောင်းလဲနိုင်ကြရန်ကြိုးစား နေကြသည့် ကျွန်ုပ်တို့အား ကိုယ်တော်၏အလိုတော်ကိုရှာဖွေတွေ့ရှိနိုင်စေမည့် နားထောင်တတ်သည့် နှလုံးသားများပေးသနားတော်မူပါ စေသောဝ်။
Reflection: “Listening”
Our reading demonstrates Jesus’
power and love, through his mighty deeds like healing the sick, freeing people
from demoniac power, and raising people from the dead. Jesus was disappointed
or rather angry with the people at Capernaum because they refused to accept
that his healing powers showed he was the Son of God.Today, Jesus is talking to us. We
are being called to reflect in our lives, the Good News of Jesus, and the
empowering presence of his Spirit in our lives. We are called to reflect on our
lives and recognize and repent of the times we have not responded generously to
the impulses of the Holy Spirit in our lives.Jesus said: “Whoever listens to
you listens to me. Whoever rejects you rejects me. And whoever rejects me
rejects the one who sent me.” The word “listen” has the power. To listen
attentively will helps us to grow in maturity, expand our perspective and readiness
to embrace others particularly the vulnerable poor, the marginalized and our
suffering earth. We are to be ready to
hear the Word in the hustle and bustle of our lives - in our daily activities
of working, eating, drinking and conversation. Listening attentively can change
our lives so we come to know more deeply, love more tenderly, serve more
passionately, and praise and glorify God happily. May God grant us a listening
heart to seek God’s will in changing our life and our world!