4 November 2025
31st Week in Ordinary Time Wednesday
Luke 14: 25 - 33
Reflection by SMF Sisters
Posted by Sr. Maria Ni Ni, MSP
“မည်သူမဆိုမိမိ၌ရှိသမျှကိုမစွန့်လွှတ်လျှင်ထိုသူသည်ငါ့၏တပည့်မဖြစ်နိုင်ရာ”
ခရစ်ယာန်ဆိုတဲ့စကားလုံး၏အဓိပါယ်သည်ခရစ်တော်နောက်လိုက်သူဟုအဓိပါယ်ရပါတယ်။ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာခရစ်ယာန်ပီသသူတစ်ဦး၌ရှိသင့်သောစိတ်နေစိတ်ထားကိုဘုရားရှင်ကိုယ်တိုင်ရှင်းလင်းစွာမိန့်ကြားတော်မူခဲ့တယ်။ခရစ်ယာန်တစ်ဦးသည်မိမိ၌ရှိသမျှကိုစွန့်လွတ်ရမယ်။အဓိပါယ်မှာရှင်ပေါလုဟောထားခဲ့သည့်အတိုင်းခရစ်တော်ဆင်မြန်းခြင်းဖြစ်တယ်။ကျွန်ုပ်တို့ရဲ့ပုံစံ၊ကျွန်ုပ်တို့ရဲ့စိတ်နေစိတ်ထားများကိုစွန့်လွတ်ပြီးခရစ်တော်ရဲ့ပုံစံ၊ခရစ်တော်ရဲ့စိတ်နေစိတ်ထားကိုပုံသွင်းရမှာဖြစ်တယ်။ဘုရားရှင်ကကောင်းမြတ်တော်မူသည့် အတွက်ကျွန်ုပ်တို့၌ရှိသောမကောင်းမှုအားလုံးကိုစွန့်လွှတ်ရမှာဖြစ်ပါတယ်။
* ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းအတွက်၊ကျွန်ုပ်သည်ဘုရားသခင်၏ဖိတ်ခေါခြင်းကိုတုန့်ပြန်နေပြီလား။*
Point: Being a Christian, am I responding to the invitation of God?