10 October 2025
32nd Week in Ordinary Time Tuesday
Luke 17: 1- 6
Reflection by SMF Sisters
Posted by Sr. Maria Ni Ni, MSP
“သင်၏ညီအစ်ကိုသည် အပြစ်ကျူးလွန်လျှင် သူ့ကိုဆုံးမလော။ သူသည်နောင်တရလျှင်သူ့ကိုခွင့် လွတ်လော့။”
တစ်ပါးသူကိုသွန်သင်ဆုံးမနိုင်ရန်အတွက်မိမိကိုယ်တိုင်ဦးစွာကျင့်ကြံနေထိုင်မှသာလျှင်တစ်ပါးသူကိုမှန်ကန်စွာသွန်သင်လမ်းပြနိုင်မှာဖြစ်တယ်။ဒါ့ပြင်တစ်ပါးသူ၏ အပြစ်မှားများကိုတွေ့ချိန်ဝေဖန်ကဲ့ရဲ့ခြင်းထက်လမ်းမှန်ပြန်ရောက်လာရန်ဆုံးမသွန်သင်ခြင်းသည်ခရစ်တော်နောက်လိုက်သူများအားလုံးရဲ့တာဝန်လည်းဖြစ်တယ်။ကိုယ့်အသိုင်းအဝိုင်းထဲကအပြစ်သည်တစ်ဦးနောင်တရပြီးကိုယ့်ဆီပြန်လာလျှင်သူ့ကိုခွင့်လွှတ်နားလည်ပြီးကြိုဆိုလက်ခံဖို့လည်းဘုရားရှင်အလိုရှိတယ်။ သင်သည်တစ်ပါးသူကောင်းမွန်လာအောင်သွန်သင်လမ်းပြသူလား သို့မဟုတ် တစ်ပါးသူအပြစ်ထဲသို့ကျရောက်အောင်ပို့ဆောင်ပေးနေသောသူလား။
တခြားသူတစ်ဦးအတွက်ကျွန်ုပ်ကအလင်းပြပေးနေသူတစ်ဦးဖြစ်နေပြီလား။
Point: Am I being a light for others?