ဒီဇင်ဘာလ(၁၅)ရက်
အာဒ်ဝင်တူးကာလ သတိယသီတင်းပတ်။
တနင်္လာနေ့။
ရှင်မာတေဦး ၂၁း ၂၃-၂၇
Reflection by sr Angle MSP
ယဇ်ပုရောဟိတ်တွေကယေဇူးရဲ့အာဏာကိုစိန်ခေါ်ခဲ့ကြပေမဲ့သူတို့တကယ်လုပ်ချင်တာကအမှန်တရားကိုလက်ခံဖို့ထက်သူတို့ရဲ့ရာထူးနဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။သူတို့ဟာ လူအများ ရဲ့ စကားနဲ့ အကျိုးဆက်တွေကို ကြောက်လန့်နေလို့ ရိုးရိုးသားသားမဖြေရဲခဲ့ကြဘူး။ဒီလိုကြောက်စိတ်ကသူတို့ရဲ့မျက်စိကိုကွယ်စေခဲ့တယ်။ဒါကြောင့်ယေဇူးကသူတို့ကိုစိတ်ရင်းနဲ့ရိုးသားဖို့တောင်းဆိုခဲ့တယ်။ယုံကြည်ခြင်းဆိုတာက"မသိဘူး၊ဒါပေမဲ့ကိုယ်တော်နောက်လိုက်ချင်တယ်"ဆိုပြီး ဝန်ခံရဲတဲ့သတ္တိရှိဖို့ပဲလိုပါတယ်။ဒီကျမ်းစာရဲ့အဆုံးမှာကျွန်တော်တို့အတွက်မေးခွန်းတစ်ခုကျန်ခဲ့တာက"ဘုရားသခင်ရဲ့အာဏာကငါတို့ကို စိန်ခေါ်လာရင်လက်ခံဖို့အသင့်ရှိရဲ့လား?"ဆိုတာပါပဲ။ဘုရားသခင်ကနေ့တိုင်းကျမ်းစာ၊စိတ်နဲ့မထင်မှတ်တဲ့အရာတွေကနေပြောနေတာပါ။ဒါကြောင့်တကယ်အရေးကြီးတဲ့မေးခွန်းက"ဘယ်သူ့အာဏာနဲ့လဲ?ဆိုတာမဟုတ်ဘဲ၊ "ငါနာခံဖို့ အဆင်သင့်ဖြစ်ပြီလား?"ဆိုတာပဲ ဖြစ်ပါတယ်နော်။