Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-12-29 02:28:08
30 December 2025 Tuesday

Luke 2: 36 -40

Reflection by Sr. Angel, MSP

Posted by Sr. Maria Ni Ni, MSP

 ပရောဖက်မ အန္န သူမက ဗိမာန်တော်မှာ ယေဇူးကိုမှတ်မိသွားခဲ့တာပါ။ အန္နအဘွားရဲ့ တစ်သက်တာလုံးဟာ ဆုတောင်းတာ၊ အစာရှောင်တာနဲ့အမှုတော်ဆောင်တာတွေနဲ့ ပြည့်နေတယ်။ ဒါက သစ္စာရှိတာဟာ အသက်ဘယ်လောက်ကြီးကြီး၊ ရာထူးဘယ်လိုပဲရှိရှိ အရေးမကြီးဘဲ၊ ဘုရားသခင်ကို ယုံကြည်ပြီး ခံနိုင်ရည်ရှိဖို့သာအဓိကကျတယ်ဆိုတာ ပြနေတာပါ။ သူ ကြာရှည်စွာ စောင့်ခဲ့ရတာ အချည်းနှီး မဖြစ်ခဲ့ပါဘူး။ဘုရားသခင်ရဲ့ ကတိတွေက အချိန်ယူနိုင်ပေမဲ့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးဆိုတာ သက်သေပါပဲ။ ပရောဖက်မ အန္န က ဆုတောင်းတဲ့ နှလုံးသား ရှိလို့ ယေဇူးကို မှတ်မိတာပါ။ဒီလိုပါပဲ၊ ကျွန်တော်တို့ ဘုရားသခင်နဲ့ နီးကပ်နေရင်၊ ရိုးရိုးသာမန်အချိန်တွေမှာတောင် ကိုယ်တော်ကို မြင်နိုင်လာမှာပါ။ ယေဇူးကို တွေ့တဲ့အခါ သူပျော်လွန်းလို့ ကယ်တင်ခြင်းကို မျှော်လင့်နေတဲ့သူတိုင်းကို လိုက်ပြောပြခဲ့တယ်။ ဒါကတကယ့် ဆုတောင်းခြင်းဆိုတာ အမြဲတမ်း သွားပြီး သက်သေခံဖို့ လှုံ့ဆော်ပေးတယ်ဆိုတာပြပါတယ်။ နောက်ဆုံးအနေနဲ့၊ ကလေးယေဇူးက တိတ်တိတ်လေး ကြီးလာပြီး ဉာဏ်ပညာနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတော် ပြည့်စုံလာသလို၊ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကလည်းကျွန်တော်တို့အတွင်းမှာ နေ့တိုင်း ပုံဖော်ပေးနေပါတယ်နော်။

 

Daily Reflection