Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-01-01 09:50:44
2 January 2026 Friday

John 1: 19- 28

Reflection by Celeste, MSP

Posted by Sr. Maria Ni Ni

 

 

ယောဟန်သည်ထိမ်ဝှက်ခြင်းမရှိဘဲ၊ ငါသည်ခရစ်တော်မဟုတ်ဟု အတိအလင်းဝန်ခံလေ၏။

ယောဟန်ဘတ္တိဇံသည် စစ်မှန်သော သမ္မာတရား၊သမာဓိနှင့် နှိမ့်ချမှုကို သင်ကြားပေးနေခြင်းဖြစ်သလို၊

 ယောဟန်က  မိမိကိုယ်ကို အတွက် ဂုဏ်ထူး၊ ဂုဏ်ဒြပ်ရှာဖွေနေခြင်းမဟုတ်ဘဲ၊ ကြွလာမယ့်သူ၊ အမြင့်မြတ်ဆုံးသောသခင်၊ သခင်ဖြစ်သော ခရစ်တော်ကိုသာ ညွှန်ပြပေးနေခြင်းပါ။

မိမိကိုယ်ကို ဂုဏ်စာနေသောသူတွေေကြာင့် သမ္မာတရားကဘာလဲ ဆိုတာ၊ မေးယူရမယ့်အခြေအနေ၊

မသမားနည်းတွေကပင် အမှန်လို့ ထင်သောခေတ်ကြီးကို ယောဟန်က စစ်မှန်သော အမှန်တရား အတိုင်း ရှင်သန်ကြရန်၊ သမ္မာတရားဖြစ်သော ခရစ်တော်ကို ညွှန်ပြပေးသူများဖြစ်ကြရန်လည်း ဖိတ်ခေါ်နေတယ်။

 မိမိကိုယ်ကို “တောကန္တာရ၌ ကြွေးကြော်သော သူ၏ အသံဟု ခေါ်ဆိုခြင်းဖြင့်၊ ကျွန်ုပ်တို့၏ သာသနာပြုခြင်း ခရီးလမ်းမှာ မိမိကိုယ်ကျိုးအတွက် လမ်းဖောက်ခြင်းမဟုတ်၊ သခင်၏ လမ်းကိုသာ ပြင်ဆင်ပေးရန် ဖြစ်ကြောင်း သတိပေးနေခြင်းပါ။

 ဒီနေ့ တရားတော်မြတ်က ကျွန်ုပ်တို့အား နှိမ့်ချစွာ၊ အမှန်တရား၌ အသက်ရှင်နေထိုင်ပြီး ခရစ်တော်ကို လက်ခံရန်၊ ညွှန်ပြပေးရန် အမြဲအဆင်သင့် ဖြစ်နေကြရန် ဖိတ်ခေါ်နေတာပါ။
Daily Reflection