7 January 2026 Wednesday
Mark 6: 45 - 52
Reflection by Celeste MSP
Posted by Sr. Maria Ni Ni
ယေဇူးခရစ်တော်ဟာ မုန်တိုင်းထန်သော ရေပြင်ပေါ်တွင် လျှောက်လှမ်းလာပြီး တပည့်တော်များရဲ့ ကြောက်ရွံ့နေသော နှလုံးသားများကို ငြိမ်းချမ်းစေတယ်။ယေဇူးခရစ်တော်ဖြစ်တယ်ဆိုတာကို သိရှိသောအခါ တပည့်တော်တွေဟာ ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားတယ်။ ကျွန်ုပ်တို့ဘဝမှာ အမှန်တကယ် ယေဇူးခရစ်တော်ကို သိရှိလာသောအခါတွေမှာ ဘဝထဲမှာ ကြောက်ရွံ့မှုတွေပပျောက်ပြီး စစ်မှန်သော သတ္တိ၊ ခွန်အားတွေ ရရှိလာစေတယ်။ကိုယ်တော်သည် အခြေအနေ ဖြစ်ရပ်တိုင်း ၏ သခင် အဖြစ် မိမိကိုယ်ကို ဖော်ပြပြီး တပည့်တော်တို့ နားမလည်သည့်တိုင် ကိုယ်တော်ကို ယုံကြည်ကိုးစားရန် ဖိတ်ခေါ်တယ်။ အကြာင်းရင်းက တပည့်တော်တို့က ယေဇူးခရစ်တော် ၏ လုပ်ဆောင်ရွက်ချက်များကို မေ့လျော့ကာ၊ ယုံကြည်ခြင်းအစား ကြောက်ရွံ့မှုမှာပဲ ၊အာရုံစိုက်သောကြောင့် သူတို့၏ နှလုံးသားတွေမှာ ခက်ထန်မာကြော လာစေတယ်။ဒီလိုပဲ ကျွန်ုပ်တို့ ဘဝမှာလည်း၊ ယေဇူးခရစ်တော်ကို ကျွန်ုပ်ဘဝအထဲအထိ / နှလုံးသားထဲအထိ မသိတဲ့အခါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို သတိမရတဲ့အခါ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေမှာပဲ အာရုံစိုက်ကာ လောကီဆန်စွာ အသက်ရှင်နေထိုင်တတ်ကြတယ်။
ကိုယ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို သတိရပါက၊ ကိုယ်တော့်ကို ပို၍ ယုံကြည်လာမယ်၊ သိရှိလာမယ်ဆိုရင် ကျွန်ုပ်တို့ဘဝကလည်း အမှန်တကယ် စစ်မှန်သော ငြိမ်းချမ်းခြင်းရရှိလာပြီး၊ ကြောက်ရွံ့မှုတွေလည်း ဝေကွားသွားပါလိမ့်မယ်။