Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-01-17 00:47:32
17 January 2026 Saturday

Mark 2: 13 - 17

Reflection by Celeste, MSP

Posted by Sr. Maria Ni Ni, MSP

 

ယေဇူးသည်အခွန်ခံလေဝိကိုသူ့နောက်သို့လိုက်ရန်ခေါ်သောအခါ လေဝိသည်ထ၍အရာအားလုံးကိုစွန့်ခွာပြီးချက်ခြင်းယေဇူးနောက်သို့လိုက်တယ်။အဲ့ဒီနောက်လေဝိရဲ့အိမ်မှာယေဇူးသည်သူ၏တပည့်တော်များ၊ အခွန်ခံသူများ၊အပြစ်ရှိသောသူများ၊နှင့်အတူညစာသုံးဆောင်ခြင်းမှာဘုရားသခင်၏ခြွင်းချက်မရှိသောကရုဏာနှင့်မေတ္တာကိုပြသခြင်းပါပဲ။ ဒီအချင်းအရာကိုမြင်သောဖာရီဇေဦးဂိုဏ်းဝင်ကျမ်းတတ်ဆရာတွေကယေဇူးကဘာကြောင့်အခွန်ခံသူတွေ၊အပြစ်ရှိသောသူတွေစားရတာလဲလို့ဆိုတဲ့အခါယေဇူးက"ငါသည် ဖြောင့်မတ်သော သူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာ၏”ဟု မိန့်တော်မူခြင်းမှာ ကိုယ်တော်ကသူ၏အမှုတော်ဆောင်သာသနာပြုခြင်း ( Mission) ၏ အဓိကအချက်မှာပျောက်ဆုံးသွားသူများကိုရှာဖွေရန်၊ကုသပေးရန်နှင့်ပြန်၍ပြုပြင်မွမ်းမံပေးရန်ဖြစ်ကြောင်းမီးမောင်းထိုးပြလိုက်ခြင်းကကျွန်ုပ်တို့ကိုလည်းနိုးဆော်နေသောအချက်ကအစစ အရာရာပြည့်စုံနေသောသူတွေကိုသာရင်းနှီးပေါင်းသင်းဆက်ဆံလိုသောစိတ်ဓါတ်၊သာမှပေါင်းချင်သောစိတ်ဓါတ်၊မိမိကိုအခွင့်အရေးပေးနိုင်မည့်သူကိုသာခင်မင်လိုသောစိတ်ဓါတ်၊စသောလောကရဲ့အကျိုးကျေးဇူးတစ်ခုတည်းကိုသာကြည့်ပြီးအသက်ရှင်နေသောသူတွေကိုလည်းကိုယ်တော်ကဘုရားရှင်၏စီမံကိန်း Missionကအမှန်တကယ်လိုအပ်. သောသူများနဲ့အတူရှိပြီး သနားကြင်နာမှုကို ပြသကြရန်အတိအလင်းဖော်ပြလိုက်တာပါပဲ။ ဆင်ခြင်သုံးသပ်ပြီး ခွန်အားယူရမည်မှာ- ယေဇူးမိန့်တော်မူသောစကား "အပြစ်ရှိသောသူကိုခေါ်ရန်သာဖြောင့်မတ်သောသူအတွက်မဟုတ်ပါ။"ကျွန်ုပ်နဲ့သင်ဟာအပြစ်သားဖြစ်တယ်ဆိုသောအချက်ကိုသိမှတ်ဝန်ခံပါကအခွန်ခံလေဝိကဲ့သို့ယေဇူး၏ခေါ်သံကိုကြားပြီး စစ်မှန်သောနောင်တ၊တရားတွင် ယုံကြည်ခြင်းဖြင့်ပြုပြင်ပြော်းလဲရန်လိုအပ်တယ်နော်။

Daily Reflection