20 January 2026 Tuesday
Second Sunday in Ordinary Time
Mark 2: 23 - 28
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
လူဟာဥပုသ်နေ့၏အရှင်သခင်ဖြစ်ကြောင်းယေဇူးကိုယ်တော်ကဒီနေ့ဧဝံဂလိကျမ်း၊သတင်းစကားအားဖြင့်မီးမောင်းထိုးပြနေခြင်းပါ။တရားဥပဒေစိုးမိုးရေးအပေါ်လူသားရဲ့လိုအပ်ချက်များကို- ယေဇူးကဘုရားသခင်၏ပညတ်တရားဟာလူတို့အားဝန်ထုပ်ဝန်ပိုးဖြစ်စေရန်မဟုတ်ဘဲအသက်ပေးရန်ရည်ရွယ်ကြောင်းသွန်သင်ထားတာပါ။ဥပဒေကလူအတွက်အကျိုးပြုသောအရာဖြစ်ရမည်သာ၊သို့သော်လည်းတင်းကြပ်သောစည်းမျဉ်းများထက်စစ်မှန်သောကရုဏာမေတ္တာကပို၍အရေးကြီးပြီး၊လူသားအတွက်ပြုလုပ်ထားသော ဥပုသ်နေ့ဟာ ဖိနှိပ်ချုပ်ချယ်ရန်အတွက်မဟုတ်ပဲ၊ဥပုသ်နေ့ဟာအနားယူခြင်း၊ကုသပေးခြင်းနှင့်ပြန်လည်ပြုပြင်ပြောင်းလဲခြင်းတို့အတွက်ဘုရားသခင်ထံမှလက်ဆောင်တစ်ခုသာဖြစ်ကြောင်း ယေဇူကအတိအလင်းဖော်ပြနေတာပါ။ ဒီ့အပြင်ယေဇူးကမိမိကိုယ်ကိုဥပုသ်နေ့၏အရှင်သခင်ဖြစ်ကြောင်းထုတ်ဖော်ခြင်းဖြင့်ကိုယ်တော်သည်ဘုရားသခင်ထံမှ သူ၏ အခွင့်အာဏာကိုဖော်ပြတော်မူခြင်းမှာကိုယ်တော့်ကိုယုံကြည်ကိုးစားရန်ကျွန်ုပ်တို့အားဖိတ်ခေါ်နေခြင်းပါ။
ကျွန်ုပ်တို့ခွန်းအားယူရမည့်အချက်မှာကရုဏာမေတ္တာသည်ဘုရားသခင်၏နှလုံးသားကိုရောင်ပြန်ဟပ်စေတော်မူသောကြောင့်တစ်ပါးသူများအတွက်ကရုဏာမေတ္တာ၊နားလည်ပေးမှုနှင့်ဂရုစိုက်မှုတို့အားပြသပေးသောအရာမှာစစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်းဖြစ်တယ်ဆိုတာ၊ယေဇူးကိုယ်တော်ကကျွန်ုပ်တို့အားသွန်သင်ပေးနေခြင်းပါ။။ပညတ်တရား၏ဝိညာဉ်တော်အတိုင်းနေထိုင်ခြင်းကလည်းကျွန်ုပ်တို့အားစည်းမျဉ်း၊စည်းကမ်းများကိုလိုက်နာရုံသာမကပဲခရစ်တော်၏လမ်းညွှန်၊သွန်သင်မှုဖြင့်ကရုဏာမေတ္တာ၊လွတ်လပ်မှုနှင့်တာဝန်ယူမှုတို့ဖြင့်နေထိုင်ရန်ဖိတ်ခေါ်နေခြင်းပါ။။