30 January 2026
Third Week in Ordinary Time
Mark 4: 26 - 34
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ဒီနေ့ဧဝံဂလိကျမ်းစာတော်မြတ်မှာ
ဘုရားသခင်၏လုပ်ဆောင်ချက်များကိုကျွန်ုပ်တို့မမြင်ရသော်လည်းကျွန်ုပ်တို့ယုံကြည်ရမယ်ဆိုတဲ့အချက်အတိအလင်းဖော်ပြပေးနေခြင်းပါ။
*ကျွန်ုပ်တို့တွေအမြဲတိုင်းရလဒ်တွေကိုချက်ခြင်းမမြင်ရသည့်တိုင်စိတ်အားမလျှော့ဘဲစိတ်ရှည်စွာဖြင့်ယုံကြည်ကြရမယ်ဆိုသောအချက်ကိုလည်းနိုးဆော်နေခြင်းပါပဲ။
*ကျွန်ုတို့ရဲ့ဘဝ၌မိမိကိုယ်တိုင်ကတာဝန်ယူမျိုးစေ့ကြဲရမှာဖြစ်ပြီးရှင်သန်ကြီးထွားမှုကိုဘုရားက ပေးနေတယ်ဆိုတဲ့သတင်းစကားဖြစ်တယ်။
*ကျွန်ုပ်တို့ရဲ့သေးငယ်သောယုံကြည်ခြင်းကကြီးမား၊များပြားသောကျေးဇူးတော်တွေကိုယူဆောင်ပေးလာနိုင်တယ်ဆိုသောအချက်ကိုဖော်ပြပေးနေခြင်းပါ။
*ဘုရားသခင်၏အစီအစဥ်၊စီမံကိန်းသည်သူ့အချိန်အတိုင်းအကောင်ထည်ဖော်ပြည့်စုံလာမှာဖြစ်တဲ့အတွက်ဘုရားသခင်၏နိုင်ငံတော်ကိုယုံကြည်ပြီးမျှော်လင့်ခြင်းနှင့် စိတ်ရှည်ကြရမှာဖြစ်ကြောင်းကိုယ်တော်ကကျွန်ုပ်တို့အားတိုက်တွန်းနေခြင်းပါပဲ။
ကျွန်ုပ်တို့အတွက် သတင်းစကားက
ဘုရားသခင်၏အချိန်ကိုယုံကြည်ပါ၊သေးငယ်သောအရာများတွင်သစ္စာရှိပါ၊ကိုယ်တော်၏ကျေးဇူးတော်သည်ကျွန်ုပ်တို့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်ဆိုတဲ့အချက်ကိုမျှော်လင့်ခြင်းဖြင့်ယုံကြည်ရန်ကိုယ်တော်ကကျွန်ုပ်တို့ကိုဖိတ်ခေါ်နေခြင်းပါပဲ။