3 March 20226 Thursday
Second Week of Lent
Luke 16: 19 - 31
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ဤယနေ့အသက်ပေးနှုတ်ကပါတ်တော်တွင်သူဌေးနှင့်လာဇရုအကြောင်းကိုထောက်ရှုစဉ်းစားရပါမည်။ဤပုံဥပမာက ကျွန်ုပ်တို့အားလုံးနှင့်ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဤလူ့ဘောင်လောကတွင် ချမ်းသာကြွယ်ဝခြင်းက ကျွန်ုပ်တို့ကို အပြစ်နွံထဲ ကျရောက်စေတာမဟုတ်ပါဘူး။ တစ်ပါးသူ၏ ဆင်းရဲဒုက္ခကို မိမိမှ မျက်ကွယ်ပြုထားသောအခါ လျစ်လျူရှုထားသောအခါ ပြုလုပ်သင့်သည်ကို မပြုလုပ်တဲ့ (Sins of omission)ကို ကျူးလွန်သောကြောင့် ဖြစ်ပါတယ်။ သူဌေးကြီးက လာဇရုကို အခက်အခဲဒုက္ခတွေ တစ်စုံတစ်ခုမျှ မပြုလုပ်ခဲ့ပါ။ သို့သော် လာဇရု၏ ဆင်းရဲ ဒုက္ခကို လျစ်လျူထား ခဲ့ခြင်းသာဖြစ်ပါတယ်။ကျွန်ုပ်တို့ ဘဝမှာလည်း ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိသောလူများ သူတို့၏ အခက်အခဲများမှ လွတ်မြောက်အောင် တတ်နိုင်သလောက် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ဖေးမကူညီနိုင်သူများ ဖြစ်ရန် လိုအပ်ပါတယ်။ သခင်ယေဇူးက ဤပုံဥပမာကို ပြောပြခြင်းအားဖြင့် မိမိကဲ့သို့ တစ်ပါးသူကို ပိုမိုချစ်နိုင်ရန် တိုက်တွန်းနေပါတယ်။ လာဇရုကို ကြည့်လျှင်လည်း ဘုရားသခင်က ဒုက္ခဆင်းရဲနှင့် ကြုံတွေ့နေသူများကိုအမြဲကူညီစောင့်လျှောက်သောသူ ဖြစ်ကြောင်း သိနိုင်ပါတယ်။ လာဇရု သေဆုံးသွားသော အခါ ကောင်းကင်တမန်တို့သည် သူ့ကို အာဘရာဟမ်၏ ရင်ခွင်သို့ သယ်ဆောင်သွားကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင် အခက်အခဲတွေ ရှိနေသော်လည်း နောက်ဆုံးသော အချိန်တွင် ဘုရားသခင်၏ ကရုဏာတော်ကို အစဉ်အမြဲ ခံစားရမည်မှာ ဧကန်မုချဖြစ်ပါတယ်။ ထို့ကြောင့် ဘုရားသခင်ကို အားကိုးကာ နေ့စဉ်အသက်တာတွင် စောင့်ထိန်းရမည့် ပညတ်များကို စောင့်ထိန်းပြီး ပြုလုပ်သင့်သည့် လှုမှုရေးလုပ်ငန်းများနှင့် အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်း အသက်ရှင်နေထိုင်နိုင်အောင် ကြိုးစားကြပါစို့။