6 March 2026 Friday
Second Week of Lent
Matthew 21:33 - 43, 45 - 46
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ဤယနေ့ ဧဝံဂေလိ ကျမ်းစာတော်မြတ်တွင် စပျစ်ဥယျာဉ်သီးစားလုပ်သား၏ ပုံဥပမာကို ထောက်ရှုရမှာဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ လွှတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ခွင့်ကို အမြဲတမ်းတန်ဖိုးထားပါတယ်။ ထို့ပြင် ကျွန်ုပ်တို့ကို အမြဲခွင့်လွှတ်တော်မှုကြောင်း သိရှိရပါတယ်။ ကျွန်ုပ်တို့ အများစုရဲ့ ဘဝထဲမှာလည်း စပျစ်ဥယျာဉ်သီးစားလုပ်သားများကဲ့သို့ ဘုရားသခင်၏ သွန်သင်ချက်များ၊ သတိပေးမှုများနှင့် ဖိတ်ခေါ်သံများကို အဖက်ဖက်မှ ကြားနေရသော်လည်း ဘုရားသခင်ကို နားမထောင်းဘဲ အမြဲ ငြင်းပယ်နေကြပါတယ်။ နေ့စဉ် မစ္ဆားတရားတော်မြတ်တွင် တရားနာယူတိုင်း၊ ကျမ်းစားများကို ဖတ်သောအခါတိုင်း ထို့ပြင် အခြား သီလသမာဓိ ရှိသူများနှင့် စကားပြောတိုင်း ဘုရားသခင်၏ သတိပေးမှုများ လှုံဆော်မှုများကို အမြဲလက်ခံရ ရှိနေပါတယ်။ ထို့ကြောင့် သိသိလျက်နှင့် အပြစ်နွံထဲတွင် ဆက်လက်နစ်မွန်းလျက်ရှိသည့် အခြေအနေမှ ပြောင်းလဲခြင်း ရရှိရန် ကြိုးစားကြပါစို့။ ထို့ပြင် နောက်ဆုံးသောအချိန်၌ စီရင်ခြင်းဆိုသည်မှာလည်း ကျွန်ုပ်တို့ကို အပြစ်ပေးရန်သက်သက်ဖြင့် စီရင်ခြင်းမျိုးမဟုတ်ဘဲ သူ၏ သနားကြင်နာခြင်းနှင့်ဖြောင့်မတ်တရားမျှတခြင်းကို လူသားတို့ ပိုမိုသိရှိ နားလည်လာရန်ပဲဖြစ်ပါတယ်။ ထို့ကြောင့် လောကီအမြင်များမှ လောကုတ္တရာနှင့်ဆိုင်သော အရာများ၌သာ ပို၍ တန်ဖိုးထားအသက်ရှင်နေထိုင်ရန် ကြိုးစားကြပါစို့။