Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-03-12 02:07:13

13 March 2026 Friday

Third Week of Lent

Mark 12: 28 - 34

Reflection by Fr. Nicholas Kyaw Lin Tun, OSM

Posted by Sr. Maria Ni Ni, MSP

ရှင်မာကု ၁၂း ၂၈-၃၄ တွင် သခင်ယေဇူးက ဥပဒေအားလုံးအနက် အရေးကြီးဆုံးသောအချက်မှာ အသက်ဝိညာဉ်အပြည့်၊ဉာဏ်ပညာအပြည့်နှင့်ခွန်အားအပြည့်တို့ဖြင့် ဘုရားသခင်ကို ချစ်ရန်နှင့် မိမိကိုယ့်ကိုယ်ကိုချစ်သကဲ့သို့ တစ်ပါးသူများကိုချစ်ရန်ဖြစ်ပါသည်။ထို့အပြင် သခင်ယေဇူးက ဥပဒေတစ်ခုကိုသာလိုက်နာခြင်းထက်ချစ်ခြင်းမေတ္တာကိုအခြေခံ၍ ပညတ်တော်များကိုစောင့်ထိန်းလိုက်ကျင့်ကြံရန်ဖိတ်ခေါ်နေပါသည်။ဘုရားသခင်ကို ချစ်ခြင်းသည်ဆုတောင်းခြင်း၊ဝတ်ပြုခြင်းများတွင်သာမကဘဲနေ့စဉ်ဘဝသက်တာအတွင်း သနားခြင်း၊ခွင့်လွှတ်ခြင်းနှင့်တရားမျှတခြင်းတို့ကိုလိုက်ကျင့်ခြင်းဖြင့်ဖော်ပြရမည်ဖြစ်ပါသည်၊၊ထိုနည်းတူတစ်ပါးသူကိုချစ်သည့်နေရာတွင်လည်းစကားဖြင့်သာမကလုပ်ဆောင်ချက် ဖြင့်လည်းပြသရမည်ဖြစ်သည်၊၊အကျင့်မပါသောအပြောသက်သက်သည်အနှစ်သာရမဲ့၏ဟုသောကျမ်းစကားကိုသတိမူသင့်သည်။တစ်ချိန်တည်းမှာပင်ယေဇူးအရှင်ကယေဇူရှင်၏ စကားကို နားလည်သဘောပေါက်စွာ တုံ့ပြန်နိုင်သော ဥပဒေစာရေးဆရာအား “ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့် မဝေးပါ” ဟု ပြောကြားခဲ့ပါသည်။ ဤအရာက ယုံကြည်ခြင်းသည်အသိပညာတင်မကဘဲ လက်တွေ့ကျင့်ဆောင်မှုအထိ ရောက်ရှိရမည် ဖြစ်ကြောင်း သတိပေးနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြန်လည်စဉ်းစားရမည်ဖြစ်ပါသည်၊၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စစ်မှန်သော အချစ်နှင့် ချစ်နေသလား ဆိုသည်ကို ဆန်းစစ်သင့်ပါသည်။ ဤရှင်မာကု ၁၂း ၂၈-၃၄ သည်ခရစ်ယာန်ဘဝ၏ အဓိကအချက်မှာ “ချစ်ခြင်း” ပင်ဖြစ်ကြောင်း နှိုးဆော်ထားပါသည်၊၊

Daily Reflection