14 March 2026 Saturday
Third Week of Lent
luke 18: 9 -14
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ရှင်လုကာ ၁၈း၉-၁၄တွင် ခရစ်တော်ကဘုရားသခင်၏သနားခြင်းကို မည်ကဲ့သို့ရယူနိုင်ကြောင်း ပုံဥပမာတစ်ခုဖြင့်ဖော်ပြထားပါသည်။ ထိုပုံဥပမာထဲတွင်ဖာရီရှဲများသည် ဘုရားရှင်၏ဥပဒေများကိုသာသိရှိကြပြီး ထိုဥပဒေများ၏အနှစ်သာရများကိုမသိရှိကြပေ။ဝါရှောင်ခြင်း၊ပေးကမ်းခြင်းစသည့်တို့ကိုစံပြကျင့်စဉ်များဟုသတ်မှတ်ကြပြီး ဘုရားရှင်၏ ခွင့်လွှတ်သနားခြင်းကို မလိုအပ်ဟုထင်ကာ လျစ်လျူရူခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အခွန်ခံက ဖာရိရှဲများကဲ့သို့ ဥပဒေများကို မသိရှိသော်လည်း မိမိကိုယ်ကို အပြစ်သားဖြစ် ကြောင်း သိရှိသောကြောင့် နှိမ့်ချခြင်းနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်သနားခြင်း ကိုတောင်းလျှောက်ခဲ့ပါသည်။ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဘုရားရှင်က ဖိတ်ခေါ်နေသည်မှာ နှိမ့်ချခြင်းနှင့် ဘုရားရှင်ထံ မိမိတို့၏အပြစ်များအတွက် ခွင့်လွှတ်သနားခြင်းကို တောင်းခံလျှင် ဘုရားရှင်၏ကျေးဇူးတော်ကို ရရှိမည် ဖြစ်သည်။