Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-31 01:55:46
2 August 2026 

18th Sunday in Ordinary Time

Matthew 14: 13 - 21

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

" သခင်ယေဇူးက ကျွန်ုပ်တို့ ပူဇော်သည့်အရာကို ပွားများပြားစေတော်မူခြင်းဖြစ်တယ်။"

ဒီနေ့ ဧဝံဂေလိတရားတွင် သခင်ယေဇူးက

လူငါးထောင်ကျော်ကို မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ကျွေးမွေးတော်မူတယ်ဆိုသော အကြောင်းကို အံ့ဩစရာ ကြားနာရပါတယ်။

ဒီအံ့ဩဖွယ်ဖြစ်ရပ်၏ အဓိကသင်ခန်းစာမှာ တပည့်တော်များက အခက်အခဲကိုသာ မြင်ကြသော်လည်း၊ 

သခင်ယေဇူးကမူ ဘုရားသခင်၏ တန်ခိုးတော်အဖြစ် ထင်ရှားမည့် အခွင့်အရေးကိုသာ မြင်တော်မူခြင်းဖြစ်တယ်။ တပည့်တော်များက “ကျွန်ုပ်တို့တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါတယ်” ဟု ဆိုကြသော်လည်း၊ သခင်ယေဇူးက “ထိုအရာတွေကို ငါ့ထံ ယူခဲ့ကြလော့” ဟု မိန့်တော်မူတယ်။

ဤစကားတော်က ကျွန်ုပ်တို့အတွက်လည်း အလွန်အရေးကြီးသောသတင်းစကားဖြစ်ပါတယ်။ ဘုရားသခင်ကကျွန်ုပ်တို့ထံမှ များစွာသောအရာများကို စတင်တောင်းဆိုတော်ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့၌ ရှိပြီးသားအရာတွေကိုသာ ကိုယ်တော်ထံ အပ်နှံပေးရန်သာ ဖိတ်ခေါ်တော်မူခြင်းဖြစ်ပါတယ်။

 အဲ့ဒီအရာတွေက အချိန်အနည်းငယ်၊ အရည်အချင်းအနည်းငယ်၊ သည်းခံခြင်း၊ ဆုတောင်းခြင်း၊ သို့မဟုတ် ကိုယ်ချင်းစာနာမှု ပြသခြင်းကဲ့သို့သောသေးငယ်သောအရာများကိုသာ တောင်းဆိုခြင်းဖြစ်နိုင်ပါတယ်။ 

သို့သော် ထိုအရာတွေကိုခရစ်တော်၏ လက်တော်ထဲသို့ ယုံကြည်စွာ အပ်နှံလိုက်သောအခါ၊ ကိုယ်တော်က ကောင်းချီးပေး၍ လူများစွာအတွက် အကျိုးဖြစ်ထွန်းလာတယ်။

ဒီ့အပြင် စားသောက်ပြီး အကြွင်းအကျန်ရှိသော မုန့်အစအနများကို ခြင်းတောင်း တစ်ဆယ့်နှစ်တောင်းအပြည့် ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။။ 

ဒီအချက်က ဘုရားသခင်၏ ရက်ရောမှုက ကျွန်ုပ်တို့ မျှော်လင့်ထားတာထက်မက ပိုမိုကြီးမားကြောင်းကို ဖော်ပြပေးခြင်းပါပဲ။ 

ကိုယ်တော်က လုံလောက်ရုံသာ ပေးကမ်းခြင်းမဟုတ်ဘဲ၊ ကြွယ်ဝစွာ ပေးသနားတော်မူတယ်ဆိုတာကို မီးမောင်းထိုးပြပေးနေခြင်းဖြစ်တယ်။ 

ဒီ့အတွက်ကြောင့် ဒီနေ့ ကျွန်ုပ်တို့ မိမိကိုယ်ကို မေးမြန်းကြပါစို့။ 

“ဒီနေ့ ကျွန်ုပ်ဟာ သခင်ယေဇူး၏ လက်တော်ထဲသို့ အပ်နှံနိုင်မည့် ‘မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်’ က အဘယ်အရာဖြစ်မလဲ။”

ကျွန်ုပ်တို့ရဲ့ အနည်းငယ်ကိုပင် ကိုယ်တော်ထံ ယုံကြည်စွာ အပ်နှံပါက၊ သခင်ယေဇူးက ကျွန်ုပ်တို့ စိတ်ကူးထားတာထက် များစွာသာလွန်သော လုပ်ဆောင်မှုတွေကို ပြီးမြောက်စေတော်မူမှာ အမှန်ဖြစ်ပါတယ်။

 

 

 

Daily Reflection