Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-09-12 04:37:41
13 September 2026

24th Sunday in Ordinary Time

Matthew 18: 21 - 35

Reflection by Consolation Sister, NSC

Posted by Sr. Maria Ni Ni, MSP

 

ယေဇူးက  ခုနှစ်ကြိမ်တိုင်အောင်မဟုတ်၊  အကြိမ်ခုနှစ်ဆယ် ခုနှစ်လီတိုင်အောင်ခွှင့်လွှတ်ရမည်ဟုသင့်အားငါဆို၏။

ယနေ့ ဧဝံဂေလိတရားတော်မှာ ပေတရုကသခင်ယေဇူးကို “ တပည့်တော်၏ညီအစ်ကိုသည် တပည့်တော်ကိုပြစ်မှားလျှင် ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ရမလဲ” လို့ မေးခဲ့ပါတယ်။ သခင်ယေဇူးကကတော့ ခုနစ်ကြိမ်မဟုတ်ဘဲ အကြိမ်ခုနစ်ဆယ့်  ခုနစ်လီတိုင်အောင် ခွင့်လွှတ်ရမယ် လို့ မိန့်တော်မူခဲ့ပါတယ်။

ဒါဟာ အကြိမ်အရေအတွက်ကို ရေတွက်ပြီး ခွင့်လွှတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်းဟာ အကြိမ်ရေကန့်သတ်ထားတဲ့ အရာမဟုတ်ဘဲ၊ ဘုရားသခင်ထံမှ ကျွန်ုပ်တို့ရရှိထားတဲ့ ကရုဏာကို အခြားသူများထံ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။

ဤယနေ့ကျမ်းစာပုံဉပမာထဲမှာ မိမိပေးဆပ်နိုင်စရာမရှိလောက်အောင် အကြွေးများနေတဲ့အစေခံတစ်ယောက်ကို သခင်က သနားပြီး အကြွေးအားလုံးကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူက မိမိထံ အကြွေးအနည်းငယ်သာရှိတဲ့ အခြားအစေခံကိုတော့ သနားခြင်းမရှိဘဲ ထောင်ချခဲ့ပါတယ်။

ဒီအချက်က ကျွန်ုပ်တို့ကို အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးစေပါတယ်။ 

“ဘုရားသခင်က ကျွန်ုပ်တို့ကို အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ပေးခဲ့သလို၊ ကျွန်ုပ်တို့ကလည်း အခြားသူတွေကို ခွင့်လွှတ်ပေးနိုင်ကြရဲ့လား?”

တစ်ခါတလေ သူတစ်ပါးရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုကြောင့် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နာကျင်မှုတွေ ကျန်နေတတ်ပါတယ်။ ခွင့်လွှတ်ဖို့ မလွယ်ကူပါဘူး။ သို့သော် ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးလုပ်ခဲ့တဲ့ အမှားကို မှန်တယ်လို့ သတ်မှတ်ပေးခြင်း မဟုတ်ပါဘူး။ ကိုယ့်နှလုံးသားထဲက အမုန်းနဲ့ နာကျင်မှုကို ဘုရားသခင်ထံ အပ်နှံပြီး လွတ်မြောက်ခြင်းကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

ယနေ့မှာ ကျွန်ုပ်တို့ကို နာကျင်စေခဲ့သူတစ်ယောက်ကို သတိရမိပါသလား။ သူ့အတွက် ဆုတောင်းပေးကြပါစို့။

ဆုတောင်းမေတ္တာ

“အိုအဖဘုရားသခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်ပေးသကဲ့သို့ တစ်ပါးသူကိုလည်း ခွင့်လွှတ်နိုင်သော ရက်ရောသော နှလုံးသားကို ပေးတော်မူပါ။

ကျွန်ုပ်တို့ရရှိခဲ့သော ကရုဏာတော်သည် ကျွန်ုပ်တို့ထံမှာပဲ ရပ်တန့်မနေဘဲ၊ အခြားသူများထံသို့လည်း ဝေမျှပေးနိုင်သော ကျေးဇူးတော်များကို ပေးသနားတော်မူပါ။

အိုယေဇူး ခွင့်လွှတ်ခြင်းနှင့် ကရုဏာပြည့်သော နှလုံးသားကို ကျွန်ုပ်တို့အား ပေးတော်မူပါ။ အာမင်။

Daily Reflection