6 September 2026 Monday
23rd Week in Ordinary Time
Matthew 18: 15- 20
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
"သင့်ညီအစ်ကိုသည် သင်၏စကားကိုနားထောင်လျှင် သင်သည် သင်၏ညီအစ်ကိုကို ပြန်ရလေပြီ။"
ယနေ့ ဧဝံဂေလိတရားတော်တွင် သခင်ယေဇူးခရစ်တော်သည် ညီအစ်ကိုချင်း ငြိမ်း ချမ်း ရေး တည်ဆောက်ခြင်း၊ မေတ္တာဖြင့် အချင်းချင်း ပြုပြင်တည့်မတ်ပေးခြင်းနှင့် အတူတကွ စုဝေးဆုတောင်းခြင်း၏ တန်ခိုးတော်အကြောင်းကို သွန်သင်ပြသ ပေးထား ပါသည်။
ယနေ့ ကျမ်းစာတော်မြတ်မှ သခင်ယေဇူး သင်ကြားပေးလိုသော အဓိကအချက်များမှာ -
ညီအစ်ကိုတစ်ဦးဉီးအမှားပြုပါက အခြားသူများကို အတင်းအဖျင်းပြောခြင်းမပြုဘဲ သူနှင့်နှစ်ဦးတည်း သီးသန့်တွေ့ဆုံ၍ ချစ်ခြင်းမေတ္တာဖြင့် ဆွေးနွေးပြုပြင်ပေးရမည်။ ဤသည်မှာ သူ၏သိက္ခာကို လေးစားခြင်းနှင့် ညီအစ်ကိုရင်းနှီးမှုကို ပြန်လည်ရရှိစေရန် ပထမဆုံးနှင့် အရေးကြီးဆုံး ခြေလှမ်းဖြစ်သည်။
"ငါ၏နာမ၌ နှစ်ဦး (သို့) သုံးဦး စုဝေးသောနေရာတွင် ငါသည်သူတို့နှင့်အတူ ရှိ၏" ဟု ခရစ်တော် ကတိပေးခဲ့သည်။ ငါတို့သည်ညီအစ်ကိုများကြား စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆုတောင်းသောအခါ ခရစ်တော်၏ ပါရှိခြင်းနှင့် ကောင်းကင်ဘုံပါး ခမည်းတော်၏ ကောင်းချီးကို ခံစားရမည်ဖြစ်သည်။
ဝေဖန်ပြစ်တင်မှုများ၊ ဝိဝါဒကွဲပြားမှုများပြည့်နှက်နေသော ယနေ့ကမ္ဘာကြီး၌ ငါတို့သည် အချင်းချင်း၏ အမှားများကို အသရေဖျက်သူများမဟုတ်ဘဲ၊ ခရစ်တော်၏ မေတ္တာဖြင့် စိတ်ရှည်စွာ ပြုပြင်လမ်းညွှန်ပေးသော ငြိမ်းချမ်းရေး၏အသုံးတော်ခံများ ဖြစ်နိုင် ကြပါစေ။