8 September 2026 Tuesday
23rd Week in Ordinary Time
Matthew 1:1 - 16, 18-- 23
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
"ကမ္ဘာကြီးထံ မျှော်လင့်ခြင်းအလင်း ဆောင်ကြဉ်းပေးခဲ့သော မွေးနေ့"
ယနေ့ စက်တင်ဘာလ (၈) ရက်တွင် ကျရောက်သော "သန့်ရှင်းသော ကညာမာရီးယား၏ မွေးနေ့တော်"တွင် ယနေ့ ဧဝံဂေလိတရားတော်မှတစ်ဆင့် ကယ်တင်ခြင်းသမိုင်း၏ လှပသော စတင်ခြင်းကို တွေ့ရှိရပါသည်။ခရစ်တော်၏မျိုးရိုးစဉ်ဆက်နှင့် ဖွားမြင်တော်မူခြင်းအကြောင်းမှတစ်ဆင့်မယ်တော်၏မွေးနေ့၌ ထောက်ရှုဆင်ခြင်ရမယ့်အချက်များမှာ
အရုဏ်ဦး အလင်းရောင်ကဲ့သို့သော မယ်တော် နေမထွက်မီ အရုဏ်ဦးအလင်းရောင်က မနက်ဖြန်သစ်ကို အကြောင်းကြားသကဲ့သို့ မယ်တော်မာရီးယား၏ မွေးဖွားခြင်း သည်လည်း ကမ္ဘာလောကကြီးထံ စစ်မှန်သော အလင်းဖြစ်သည့် သခင်ယေဇူးခရစ်တော် ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် အကြောင်းကြားပေးပါခဲ့သည်။
ဘုရားသခင်သည် မယ်တော်သခင်မ ၏ Yes "ဟုတ်ကဲ့" ဆိုသော နာခံခြင်းမှတစ်ဆင့် အပြစ်နှင့် အားနည်းချက်များပြည့်နှက်နေသော လူ့သမိုင်းကြောင်းကြီးတစ်ခုလုံးကို ကယ်တင်ခြင်းလမ်းကြောင်းသို့ ပြောင်းလဲပေးခဲ့ပါသည်။
စိန့်ဂျိုးဇက်၏ စာနာမေတ္တာတရားနှင့် မယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အပေါ် ယုံကြည်ကိုးစားမှုတို့ကြောင့် "ဧမာနွေလ" (ငါတို့နှင့်အတူရှိသောဘုရား) သည် လူ့ဇာတိအဖြစ်ကို ခံယူနိုင်ခဲ့ပါသည်။