Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-05 05:21:53
6 August 2026 Thursday

Transfiguration of the Lord

Matthew 17:1 - 9

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

ယေဇူးရဲ့ ဘုန်းဂုဏ်တော်ထင်ရှားခြင်း အားဖြင့် " ယေဇူးရဲ့စကားကို နားထောင်၍ ဘဝအသက်တာပြောင်းလဲကြပါစို့။ "

ဒီနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူးက ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ရှေ့တွင် ဘုန်းတော်ထင်ရှားတော်မူတာတွေ့ရပါတယ်။ ကိုယ် တော်ရဲ့ မျက်နှာတော်ကနေကဲ့သို့ တောက်ပ လင်းလက်ပြီး၊ အဝတ်တော် သည်လည်း စူးရှသောအလင်းကဲ့သို့ ဖြူဖွေးတောက်ပနေပါတယ်။ ဒီ ဘုန်းဂုဏ်တော် ထင်ရှားသောအခိုက်အတန့်မှာ ယေဇူးက အမှန်တကယ် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ဖော်ပြပေးခြင်းပါပဲ။ ထို့နောက် ခမည်းတော်ရဲ့အသံတော်က “ဤသူသည် ငါအလွန်ချစ်မ့တ်နိုးရာ ငါ၏ချစ်သားပေတည်း… သူ့ကို နားခံကြလော့” ဟု မိန့်တော်မူတာ တွေ့ရပါတယ်။မိုးဇက်က ပညတ်တရား (တိုရာ) ကို ကိုယ်စားပြုပြီး။ ဧလိယက ပရောဖက်များကို ကိုယ်စားပြုခြင်းဖြစ်တယ်။ သူတို့နှစ်ဦး ပေါ်ထွန်းလာခြင်းက ပညတ်တရားနှင့် ပရောဖက်များအားလုံးသည် ယေဇူးကို ညွှန်ပြနေပြီး ယေဇူး၌ အပြည့်အဝ ပြည့်စုံသွားကြောင်း ဖော်ပြပေးခြင်းပါ။မိုးဇက် နှင့် ဧလိယ ပေါ်လာခြင်းက ယေဇူးသည် အစ္စရာလူမျိုးတို့ စောင့်မျှော်ခဲ့သော မက်ဆီးယားဖြစ်ကြောင်း အတည်ပြုခြင်းပါ။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင် ကတိပေးတော်မူခဲ့သမျှသည် ခရစ်တော်၌ ပြည့်စုံလာခြင်းပါ။လုကာဧဝံဂေလိ (၉:၃၀–၃၁) မှာ မိုးဇက်နှင့် ဧလိယတို့က ယေဇူးနှင့်အတူ ယေရုဇလင်မြို့၌ ဖြစ်ပေါ်မည့် ကိုယ်တော်ရဲ့ “ထွက်ခွာခြင်း” အကြောင်း၊ အဓိပ္ပာယ်မှာ ကိုယ်တော်၏ ဆင်းရဲဒုက္ခခံခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွတော်မူခြင်းတို့အကြောင်းကို ဆွေးနွေးနေကြတယ်။ယေဇူးရဲ့ ဘုန်းဂုဏ်တော်ထင်ရှားခြင်းက ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ဒုက္ခစရိယာ စမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်ပေးခြင်း ဖြစ်တယ်။ ယေဇူးရဲ့ ဆင်းရဲဒုက္ခကို မမြင်မီ ကိုယ်တော်ရဲ့ ဘုန်းဂုဏ်တော်ကို အရင်မြင်တွေ့ခွင့်ပေးခြင်းအားဖြင့် တပည့်တော်တွေရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မာတည်ကြည်စေရန် ပဲဖြစ်တယ်။ဒီဧဝံဂေလိရဲ့ အဓိကသတင်းစကားမှာ ယေဇူးက မိုးဇက်နှင့် ဧလိယတို့ထက် ကြီးမြတ်တော်မူသောသူ ဖြစ်သည်ဟူသော အချက်ဖြစ်တယ်။ရူပါရုံပြီးဆုံးသောအခါ ယေဇူးတစ်ပါးတည်းသာ ကျန်ရစ်တော်မူပြီး ခမည်းတော်က “ဤသူသည် ငါချစ်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း… သူ၏စကားကို နားခံကြလော့” ဟု ထပ်မံ မိန့်တော်မူတယ်။ 

ထို့ကြောင့် ယုံကြည်ခြင်း၏ ဗဟိုချက်ချာမှာ ပညတ်တရား နှင့် ပရောဖက်များသာ မဟုတ်တော့ဘဲ၊ ၎င်းတို့အားလုံးကို ပြည့်စုံစေတော်မူသော ယေဇူးခရစ်တော်ကိုသာ အာရုံစိုက်၍ ကိုယ်တော်ရဲ့ စကားကို နားထောင်ကာ ဘဝကို ပြောင်းလဲ အသက်ရှင်ကြရန် ဖြစ်ပါတယ်

 

Daily Reflection