Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-10 04:20:21
11 August 2026 Tuesday

19th Week in Ordinary Time

Matthew 18: 1- 5, 10, 12-14

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

" ကလေးငယ်များကဲ့သို့ ဖြစ်ကြလော့၊ ဘုရားသခင်ချစ်တော်မူသော တစ်စုံတစ်ယောက်ကိုမျှ မဆုံးရှုံးစေနှင့်။ "

ယနေ့ ဧဝံဂေလိကျမ်းတွင် တပည့်တော်များက သခင်ယေဇူးအား  “အဘယ်သူသည် ကောင်းကင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံး ဖြစ်ပါနည်း” ဟု မေးလျှောက်တယ်။ 

တပည့်တော်တွေက ရာထူးဂုဏ်ဒြပ်၊အဆင့်အတန်းနှင့်အရေးပါမှုကိုစဉ်းစားနေကြတယ်။သို့သော်သခင်ယေဇူးသည် သူငယ်တစ်ယောက်ကိုအထံတော်သို့ခေါ်၍ သူတို့အလယ်တွင် ထားလျက်မိန့်တော်မူသည်မှာ  “သင်တို့သည် အကျင့် ပြောင်းလဲ၍ သူငယ်များကဲ့သို့ မဖြစ်ကြလျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ကြရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူတယ်။

သခင်ယေဇူးသည် ကျွန်ုပ်တို့ကို ကလေးဆန်သူများ ဖြစ်စေရန် ခေါ်တော်မူခြင်းမဟုတ်ပါ။ ကလေးငယ်ကဲ့သို့ " နှိမ့်ချခြင်း၊ ယုံကြည်ကိုးစားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို မှီခိုအားထားခြင်း "  ရှိသူများ ဖြစ်စေရန် ဖိတ်ခေါ်တော်မူခြင်း ဖြစ်တယ်။ ကလေးငယ်တစ်ဦးက မိမိအတွက် မေတ္တာနှင့် လမ်းညွှန်မှု လိုအပ်ကြောင်း သိရှိတယ်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း မိမိတို့၏မာနနှင့် အောင်မြင်မှုများကိုသာ အားမကိုးဘဲ ဘုရားသခင်ကို အားကိုး မှီခိုရန် ခေါ်တော်မူခြင်း ခံရတယ်။

ထို့နောက် သခင်ယေဇူးသည် လမ်းလွဲ၍ပျောက်ဆုံးသွားသော သိုးတစ်ကောင်အကြောင်းကို မိန့်တော်မူတယ်။ သိုးထိန်းသည် သိုးကိုးဆယ့်ကိုးကောင်တို့ကိုတောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသောသိုးကို

သွား၍ ရှာဖွေရန် ထွက်သွားတယ်။ ဤအရာက ဘုရားသခင်၏ နှလုံးသားကို ဖော်ပြပေးခြင်းပါ။

 လူတိုင်းသည် ဘုရားသခင်အတွက် တန်ဖိုးကြီးမားသောအရာဖြစ်တယ်။ 

တစ်ယောက်မျှ မေ့လျော့ခြင်းခံရမည်မဟုတ်၊

 တစ်ယောက်မျှ တန်ဖိုးမရှိသူ မဟုတ်၊ တစ်ယောက်မျှ

 ဘုရား၏ကရုဏာတော်မှ ဝေးနေမည်မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ စွန့်ပစ်တော်မူမည်မဟုတ်။

ယနေ့ ဧဝံဂေလိကျမ်းက ကျွန်ုပ်တို့ကို မေးခွန်း နှစ်ခုဖြင့် စိန်ခေါ်နေတယ်။ 

* ကျွန်ုပ်သည် ကလေးငယ်တစ်ဦးကဲ့သို့ နှိမ့်ချခြင်း၌ တိုးပွားလာနေပြီလား။ 

* ဘုရားသခင်ထံမှ လမ်းလွဲသွားသူများကို ဂရုစိုက်သလား၊ သို့မဟုတ် လျစ်လျူရှုထားသလား။

ယနေ့တွင် နှိမ့်ချသောနှလုံးသားကို ရရှိစေရန်နှင့် လမ်းလွဲပျောက်ဆုံးနေသူများကို လက်ခံကြိုဆိုခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ဆုတောင်းပေးခြင်းတို့အားဖြင့် ဘုရားသခင်၏ ကရုဏာမေတ္တာကို ထင်ဟပ်နိုင်ရန် သခင်ဘုရားထံ ကျေးဇူးတော်ကို တောင်းခံကြပါစို့။ အကြောင်းမှာ သခင်ယေဇူး မိန့်တော်မူသကဲ့သို့ 

" ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏အဖသည် ဤသူငယ်တို့တွင်တစ်ဦးကိုမျှ ပျက်စီးစေခြင်းဌာအလိုရှိတော်မမူ။"

Daily Reflection