Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-12 03:38:43
14 August 2026 Friday

19th Week in Ordinary Time

Matthew 18: 21 - 19:1

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

 

 " သစ္စာရှိ၍ ရာသက်ပန် တည်မြဲသော ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်၏ စီမံကိန်း "

ယနေ့ ဧဝံဂေလိကျမ်းတွင် ဖာရီဇေဦးတို့သည် သခင်ယေဇူးကို စမ်းသပ်လိုသောစိတ်ဖြင့် "ကွာရှင်းခြင်းကို ခွင့်ပြုနိုင်သလော " ဟု မေးလျှောက်ကြတယ်။ သခင်ယေဇူးက သူတို့ကို ဘုရားသခင်၏ မူလစီမံကိန်းသို့ ပြန်လည်ညွှန်ပြတော်မူပြီး “ဘုရားသခင် ပေါင်းဖက်ထားတော်မူသောအရာကို လူသည်မခွဲမခွာစေနှင့်” ဟု မိန့်တော်မူတယ်။

သခင်ယေဇူးက အိမ်ထောင်ရေးသည် စာချုပ်တစ်ခုမျှသာ မဟုတ်ဘဲ "မြင့်မြတ်သော ပဋိညာဉ်တစ်ခု" ဖြစ်ကြောင်း သတိပေးလိုက်ခြင်းပါ။ စစ်မှန်သောချစ်ခြင်းမေတ္တာသည် " သစ္စာရှိခြင်း၊ တည်မြဲခြင်းနှင့် မိမိကိုယ်ကို ပေးဆက်ခြင်း" တို့ဖြင့် ပြည့်စုံရမှာဖြစ်ပါတယ်။ ယနေ့ခေတ်တွင် ပေါင်းသင်းဆက်ဆံရေးများ အလွယ်တကူ ပြိုကွဲလွဲသော အိမ်ထောင်သည် ဇနီးမောင်နှံများကို ပျော်ရွှင်ချိန်၌ဖြစ်စေ၊ အခက်အခဲများကြား၌ဖြစ်စေ၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အားကိုးလျက် တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာ ရပ်တည်ကြရန် သခင်ခရစ်တော်က ဖိတ်ခေါ်တော်မူခြင်းဖြစ်တယ်။

ထို့ပြင် သခင်ယေဇူးက “ကောင်းကင်နိုင်ငံတော်အတွက်” အိမ်ထောင်မပြုဘဲ၊ ရွေးချယ်ကြသူများအကြောင်းကိုလည်း မိန့်တော်မူထားတာတွေ့ရတယ်။ အိမ်ထောင်ရေးအသက်တာ နှင့် ဘုရားသခင်ထံ အပြည့်အဝ ဆက်ကပ်အပ်နှံသော သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းတို့၊ နှစ်မျိုးစလုံး ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်၍ အစေခံနိုင်သော၊ ကောင်းမွန်နှစ်သက်ဖွယ်သည့် ခေါ်တော်မူခြင်းများ ဖြစ်ကြောင်း သွန်သင်တော်မူခြင်းပါ။

ယနေ့တွင် အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် ဆုတောင်းပေးကြပါစို့။ သူတို့သည် မိမိတို့၏ ကတိသစ္စာအပေါ် တည်ကြည်ခိုင်မာစွာ ရပ်တည်နိုင်ကြပါစေ။ ထို့အပြင် ရဟန်း၊ သူတော်စင်များ၊ သာသနာ့အသက်တာကို ဆက်ကပ်အပ်နှံထားသူများနှင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိတို့၏ အသက်တာကို ပေးဆက်ထားသူအားလုံးအတွက်လည်း ဆုတောင်းကြပါစို့။ ထိုသူတို့သည် မိမိတို့၏ ခေါ်တော်မူခြင်း၌ ဝမ်းမြောက်စွာ သစ္စာရှိနိုင်ကြပါစေ။

ကျွန်ုပ်တို့တစ်ဦးစီသည် မည်သည့်ခေါ်တော်မူခြင်းကို ခံယူထားသည်ဖြစ်စေ၊ ဘုရားသခင် အပ်နှံပေးထားသော မေတ္တာအပေါ် အဆုံးတိုင်အောင် သစ္စာရှိနိုင်ကြပါစေ။

Daily Reflection