Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-21 04:36:39
22 August 2026 Saturday

20th Week in Ordinary Time

Matthew 23: 1 - 12

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

 စစ်မှန်သော ကြီးမြတ်ခြင်းသည် နှိမ့်ချခြင်း နဲ့ အစေခံခြင်းမှ လာခြင်းဖြစ်တယ်။

ဒီနေ့ ဧဝံဂေလိတရားတော်တွင် ယေဇူးကိုယ်တော်က ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေရဲ့ သဘောထားတွေအကြောင်းကို တပည့်တော်တို့အား သတိမူရန် သတိပေးတော်မူခြင်းဖြစ်တယ်။ 

ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေက ဘုရားသခင်၏ ပညတ်တရားတွေကို သိရှိကြပြီး တပါးသူတွေကိုလည်း သွန်သင်ပေးကြသော်ငြားလည်း မိမိတို့သွန်သင်သည့်အတိုင်း မိမိတို့ဘဝ ပါမလာ၊ အဓိပ္ပါယ်က မိမိတို့ရဲ့ဘဝတွင် အပြော နဲ့ အလုပ် လက်တွေ့မကျ ကြသောသူတွေဖြစ်ကြောင်း ခရစ်တော်က မီးမောင်းထိုးပြခြင်းပါ။ 

ကျွန်ုပ်တို့ရဲ့ဘာသာရေးအသိုင်းအဝိုင်းမှာလည်းကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေလို အဟောအပြောတွေက မိုးယံထက်ဆီရောက်နေသော်လည်း စိတ်ထားတွေက ရွှံ့နွံထဲဆီ ခေါင်းစိုက်နေတယ်၊ ဘွဲ့ဒီဂရီလက်မှတ်တွေက မြင့်နေသော်လည်း စိတ်ထားတွေက ယုတ်ညံ့လွန်းတယ်၊ ရာထူးတွေက ကြီးနေသော်လည်း စိတ်ထားတွေက သိမ်ဖျင်းနေတယ်၊ လက်တွေ့ဘဝမှာ လုပ်ရပ်တွေက ခေတ်သစ် ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေလိုဖြစ်နေကြတယ် ဆိုတာ ဒီနေ့ကျမ်းစာတော်မြတ်အားဖြင့် ခရစ်တော်က သတိမူရန်၊ သူတို့ရဲ့ လုပ်ရပ်တွေ၊ သူတို့ရဲ့ သဘောထားတွေနောက် ရောရောင် မလိုက်မိ ကြစေရန် ကျွန်ုပ်တို့အား သတိပေးနေခြင်းပါပဲ။

ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေက ဂုဏ်ပြုခံရသော နေရာတွေ၊ ဂုဏ်းထူး ဘွဲ့ထူးအမည်များ စွာ နဲ့ လူတွေရဲ့အသိအမှတ်ပြုခြင်းကို နှစ်သက်ကြသောသူတွေဖြစ်ကြတယ်။

 ဒီလိုပဲ ခေတ်သစ် ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေလို ဘာသာရေးခေါင်းဆောင်တွေက၊ ဘုရားနောက်လိုက် ဆိုသူတွေက မိမိတိုရဲ့ယုံကြည်သူ၊ ဘာသာသူတွေကိုအခက်ခဲ၊ ဒုက္ခ၊ ဆင်းရဲခြင်းတွေကို ပူဇော်လိုသော စိတ်သဘောဖြင့် ပြုလုပ်ကြရမယ်လို့ ဟောကြားနေကြ သော်လည်း၊ သူတို့ကိုယ်တိုင်က စည်းစိမ်အပြည့်ဖြင့် ယစ်မူးနေတတ်ကြသလို၊ ရာထူးနောက်၊ ချီးမွမ်းခြင်းနောက် လိုက်နေကြခြင်းကို ဒီနေ့ ယေဇူးက ထိုကဲ့သို့သော ခေတ်သစ်ကျမ်းတတ်ဆရာများ နဲ့ ဖာရီဇေဦးတွေ ရှိနေကြောင်းကို ရှုတ်ချလိုက်ခြင်းပါ။

ယေဇူးသခင်က ပညာတတ်ခြင်း သို့မဟုတ် ခေါင်းဆောင်ဖြစ်ခြင်းကို ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါ။ ၎င်းအစား စစ်မှန်သောခေါင်းဆောင်မှုသည် နှိမ့်ချခြင်း နဲ့ အစေခံခြင်းတို့ဖြင့် ပေါင်းစပ်ထားရမည်ကို သွန်သင်ပေးတော်မူခြင်းဖြစ်တယ်။ 

ဘုရားအကြောင်း၊ တရားအကြောင်း ပြောဆိုသူ၊ ဟောပြောသူတွေကလည်း ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ အသက်ရှင်ရမှာပါ။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းက နှုတ်ဖြင့်ပြောဆိုခြင်းသာ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ လုပ်ရပ်များအားဖြင့်လည်း ထင်ရှားစေရမှာဖြစ်ပါတယ်။

ယေဇူးက “သင်တို့တွင် အကြီးမြတ်ဆုံးသောသူသည် သင်တို့၏ အစေခံဖြစ်ရလိမ့်မည်” ဟု မိန့်တော်မူပါတယ်။ ဒီ့အတွက် ဘုရားသခင်၏နိုင်ငံတော်တွင် ကြီးမြတ်ခြင်းကို အာဏာ၊ အဆင့်အတန်း သို့မဟုတ် တပါးသူတွေရဲ့ ချီးမွမ်းခြင်းတို့ဖြင့် တိုင်းတာခြင်းမပြုပါ။ အမှန်တကယ် ကြီးမြတ်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ နှိမ့်ချခြင်းနှင့် တပါးသူတွေကို ပြင်းပြသောစိတ်ဆန္ဒဖြင့် အစေခံပေးလိုသော စိတ်ထားတို့ဖြင့် တိုင်းတာခြင်းပါ။ ဟန်ဆောင်ခြင်းမပါ။

ဒီနေ့ဧဝံဂေလိတရားတော်က မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်ရန် ဖိတ်ခေါ်နေပါတယ်။ 

“ငါသည် အစေခံခြင်းထက် တပါးသူတွေရဲ့ လေးစားခြင်းကို ပိုမိုလိုချင်နေသလား။ 

ငါသည် တပါးသူတွေကို သွန်သင်တဲ့အတိုင်း မိမိကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးနေသလား။” ဟု မိမိကိုယ်ကို မေးကြည့်ကြပါစို့။

ဒီ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့ နှုတ်မှထွက်လာသော စကားလုံးတွေ နဲ့ လုပ်ရပ်တွေက ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို အမှန်တကယ် ထင်ဟပ်စေနိုင်ရန်အတွက် နှိမ့်ချသော နှလုံးသားကို ပေးသနားတော်မူပါရန် ဘုရားသခင်ထံ ဆုတောင်းကြပါစို့။

 

Daily Reflection