24 August 2026 Monday
21st Week in Ordinary Time
John 1: 45 - 51
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
“လာ၍ ကြည့်လော့”
ယနေ့ ဧဝံဂေလိကျမ်းတွင် ဖိလိပုက နာသာနာအဲလ်အား “ပညတ်တရားကျမ်း နှင့် ပရောဖက်ကျမ်းတို့တွင် ရည်ညွန်း ရေးသားခဲ့သောသူကို ကျွန်ုပ်တွေ့ပြီ။ နာဇရက်မြို့သား ယေဇူးကိုငါတွေ့ခဲ့ပြီ” ဟု ပြောပါတယ်။ သို့သော် နာသာနာအဲလ်က သံသယဖြင့် “
နာဇရက်မြို့မှ ကောင်းသောအရာတစ်စုံတစ်ခုပေါ် ထွက်လာနိုင်ပါမည်လော” ဟု ပြန်လည်မေးမြန်းခဲ့တယ်။
ဖိလိပုက သူနဲ့ အငြင်းပွားခြင်းမပြုဘဲ “လာ၍ ကြည့်လော့” ဟုသာ ရိုးရိုးရှင်းရှင်း ဖိတ်ခေါ်ခဲ့တယ်။
ဤသည်မှာ ယုံကြည်ခြင်းကို မျှဝေခြင်း၏ လှပသောနည်းလမ်းတစ်ခုဖြစ်သည်။ အမြဲတမ်း အငြင်းပွားမှုကိုအနိုင်ရရန် (သို့) ရှည်လျားစွာ ရှင်းပြရန် မလိုအပ်ပါ။ တစ်ခါတစ်ရံ ယေဇူးကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်ရန် ဖိတ်ခေါ်ခြင်းသည် အကောင်းဆုံးသော သက်သေခံခြင်းဖြစ်တယ်။
နာသာနာအဲလ်သည်ယေဇူးနဲ့တွေ့ဆုံသောအခါ ယေဇူးသည် သူ့အားအစကတည်းက သိရှိနေကြောင်းသိလာ ရတယ်။
ယေဇူက ကောက်ကျစ်စဥ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ်အမျိုးသားစငငစစ်ကိုကြည့်လော့ " ဟု ရည်ညွန်းမိန့်တော်မူတယ်။
မိမိရဲ့ သံသယများ နဲ့ အားနည်းချက်များထက် ပိုမိုနက်ရှိုင်းစွာ မိမိကို မြင်တော်မူကြောင်း သိရှိလာတယ်။ ထို့နောက် “ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးတို့၏ ဘုရင်လည်း ဖြစ်တော်မူပါသည် ” ဟု ယုံကြည်ခြင်းဖြင့် ဝန်ခံခဲ့တယ်။
ဒီနေ့ဧဝံဂေလိတရားတော်မြတ်အားဖြင့်ယေဇူးသည် ကျွန်ုပ်တို့ကို အပြည့်အဝ သိတော်မူခြင်းဖြစ်ကြောင်း ဖော်ပြပေးလိုက်ခြင်းပါ။
ကိုယ်တော်သည် ကျွန်ုပ်တို့ရဲ့ မေးခွန်းများ၊ သံသယစိတ်များ၊ ရုန်းကန်မှုများနှင့် နှလုံးသားထဲတွင် ဖုံးကွယ်နေသော ကောင်းမြတ်ခြင်းများကိုလည်း သိတော်မူပါတယ်။ ထိုအရာများအားလုံးကို ကိုယ်တော်သိတော်မူသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆက်လက်ခေါ်တော်မူပါတယ်။
ဖိလိပုကဲ့သို့ ကျွန်ုပ်တို့လည်း အခြားသူများအား ယေဇူးထံသို့ “လာ၍ ကြည့်လော့” ဟု ဖိတ်ခေါ်ရန် ခေါ်ဖိတ်ခံရသူများဖြစ်ကြတယ်။ ထိုသို့ ဖိတ်ခေါ်ရာတွင် စကားလုံးများဖြင့်သာမက အထူးသဖြင့် ကျွန်ုပ်တို့၏ အသက်တာ၊ ကြင်နာမှု၊ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့အားဖြင့် သက်သေခံကြရမှာဖြစ်တယ်။
ထို့ကြောင့် ယေဇူးကို ပိုမိုနက်ရှိုင်းစွာ သိမြင်နိုင်ရန်နဲ့ တပါးသူအားလည်း ကိုယ်တော်နဲ့တွေ့ဆုံနိုင်အောင် ကူညီပေးနိုင်ရန် ကျေးဇူးတော်ကို တောင်းခံကြပါစို့။ “
သင့်ဘဝအသက်တာတွင် ယေဇူးသည် မည်သို့ပြောင်းလဲပေးနိုင်သည်ကို " လာ၍ ကြည့်လော့။ " ဟူသော ဖိတ်ခေါ်မှုတစ်ခု ဖြစ်ပါစေ။