Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-30 04:55:21
31 August 2026 Monday

22nd Week in Ordinary Time

Luke 4: 16 - 30

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

"ယေဇူးက လူသားအားလုံးအတွက် သတင်းကောင်း"

ယနေ့ ဧဝံဂေလိတရားတော်တွင် ယေဇူးက မိမိကြီးပြင်းခဲ့သော နာဇရက်မြို့သို့ ကြွလာတော်မူပါတယ်။ တရားဇရပ်ထဲသို့ ဝင်ရောက်ပြီး ပရောဖက်အီဇာယရဲ့ စာလိပ်ကိုယူကာ  “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြော

 ငါ့ကို ဘိသိက်ပေးတော်မူသောကြောင့်စေခြင်းဌာ  သခင်ဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ ရှိတော်မူ၏” ဟူ၍ ဖတ်ကြားတော်မူပါတယ်။

ထို့နောက်ယေဇူးက“ယခုသင်တို့ကြားရသောစကားသည်ယနေ့ပင်ပြည့်စုံခြင်းသို့ရောက်လေပြီဟု"အလွန်အရေးကြီးသောစကားတစ်ခွန်းကိုကိုယ်တော်မိန့်တော်မူပါတယ်။

ဤသို့ဖြင့် ပေရာဖက်အီဇာယ ပရောဖက်ပြု သောစကားသည် မိမိ၌ ပြည့်စုံနေပြီဖြစ်ကြောင်း လူများအား ပြောကြားတော်မူခြင်း ဖြစ်ပါတယ်။

ယေဇူးက ချုပ်နှောင်ခံနေရသူတို့အား လွတ်ငြိမ်းခြင်း၊ မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကိုပေးခြင်း နှင့် ဆင်းရဲဒုက္ခခံနေရသူတို့အား မျှော်လင့်ချက်ကို ပေးရန် ကြွလာတော်မူခြင်း ဖြစ်ပါတယ်။

အစပိုင်းတွင် လူများက ယေဇူးကို သဘောကျပြီးကိုယ်ေတာ့်ရဲ့စကားတွေက သူတို့ကိုအံ့ဩစေပါတယ်။ သို့သော် ဘုရားသခင်၏ ကရုဏာတော်က နာဇရက်မြို့သားများ သို့မဟုတ် အစ္စရေးလူမျိုးများအတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ကြောင်း ယေဇူးက သတိပေးပြောဆိုသောအခါ သူတို့က ဒေါသထွက်လာကြပါတယ်။ ယေဇူးက မိမိတို့အတွက်သာ သီးသန့်ဖြစ်စေလိုကြပါတယ်။ လူတိုင်းကို ချစ်၍ ကယ်တင်လိုသော ဘုရားသခင်ကို သူတို့ လက်မခံနိုင်ကြပါ။

ဤဧဝံဂေလိတရားတော်က ယနေ့ ကျွန်ုပ်တို့အားလည်း စိန်ခေါ်နေပါတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့က ဘုရားသခင်၏ ကောင်းချီးများကို မိမိတို့နှင့် မိမိတို့ချစ်ခင်သောသူများအတွက်သာ လိုချင်တတ်ကြပါသည်။ သို့သော် မိမိတို့ မနှစ်သက်သူများ သို့မဟုတ် မထိုက်တန်ဟု ထင်မြင်သူများအပေါ် ဘုရားသခင်၏ ကရုဏာတော်ကို ပြသခြင်းကို လက်ခံရန် ခက်ခဲတတ်ပါတယ်။

ယေဇူးက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ နယ်နိမိတ်၊ ဘောင်မရှိကြောင်း အတိအလင်း သွန်သင်တော်မူပါတယ်။ သတင်းကောင်းသည် ဆင်းရဲသားများ၊ ဆင်းရဲဒုက္ခခံနေရသူများ၊ လစ်လျူရှုငြင်းပယ်ခံရသူများ၊ အပြစ်သားများ နဲ့ အမှန်စင်စစ် လူသားတိုင်းအတွက် ဖြစ်ပါကြောင်းကို ဒီနေ့ ကျမ်းစာတော်က ရှင်းလင်းစွာ ဖော်ပြပေးခြင်းပါ။။

ထို့ကြောင့် — “လူတိုင်းအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် လက်ခံနိုင်ပါသလား။ ဆို သောမေးခွန်းကို ကျွန်ုပ်တို့ကိုယ်ကို  မေးကြည့်ကြပါစို့ ။

ထိုချစ်ခြင်းမေတ္တာ၏ ကိရိယာတစ်ခုအဖြစ် ကျွန်ုပ် အသုံးခံနိုင်ပါသလား။”

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သတင်းကောင်းကို ကြားနာရုံသာမက၊ အခြားသူများထံ မျှော်လင့်ချက်၊ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ တို့ကို မျှဝေပေးခြင်းအားဖြင့် ထိုသတင်းကောင်းအတိုင်း အသက်ရှင်နိုင်ရန် ကူညီလမ်းပြတော်မူပါစေ။

Daily Reflection