Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-22 04:32:44

23.8.2024 – Friday of 20th  week in Ordinary Time
သြဂုတ်လ ၂၃ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ သောကြာနေ့  
St. Rose of Lima Virgin
Reflection by Sr. Rose ,SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Ez 37;1-14, Matthew 22:34-40- ရှင်မာတေးဦး ၂၂း၂၄-၄၀

**ဆူးခက် နှင်းဆီ**“သင်၏အရှင်ထာ၀ရဘုရားကို သင်၏နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ ဉာဏ်စွမ်း ရှိသမျှချစ်လော့”ဤနှုတ်တော်ထွက်စကားသည် ပညတ်တကာတို့တွင်အကြီးမျှဆုံးပညတ်လို့ဖော်ပြထားပါသည်။ဘုရားရှင်ကို လုံးလုံးလျားလျားပုံအပ်ပြီးချစ်တတ်သည့် သူများသည် ကမ္ဘာလောကမှာအသက်ရှင်နေသည့် ရဟန္တာဟုပြောနိုင်သည်။ ဘုရားကိုချစ်တတ်သလို၊ မိမိကိုယ်ကိုလည်းချစ်တတ်ပြီး၊သူတစ်ပါးကိုလည်း အလိုအလျှောက်ချစ်တတ်သွားသည်။လီမာမြို့က စိန့် ရို့စ်ကိုကြည့်မည်ဆိုလျှင်ချစ်ခြင်းမေတ္တာရှိသည့်နေရာ ဘုရားရှိသလို၊ မထင်မရှား ရွာငယ်ဇနပုဒ်လေးမှာရှင်သန် ခဲ့ပါသည်။သူမသည် နှလုံးသားလှသူ၊ ကြင်နာတတ်သူ၊သူ့ ရင်ထဲမှာဘုရားသခင်အတွက်နေရာပေးထားသည့် မေတ္တာရှင်မလေးဖြစ်သည်။ထို့ကြောင့် ဘရာဇီးနိုင်ငံလီမာမြို့ကို မှိုင်းမစောင့်ရှောက်ပေးသော ရဟန္တာအဖြစ်ထင်ရှားလာခဲ့ပါသည်။ ဘုရားရှင်ကိုချစ်နိုင်ဖို့ဆိုသည် မိမိ၏အလိုဆန္ဒငြင်းပယ်နိုင်ခြင်း၊ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခြင်း၊ကိုယ့်ကိုကိုယ်တန်ဖိုးတတ်ခြင်း၊ မိမိကိုယ်ကိုချစ်တတ်ခြင်းသည် ဘုရား၏ အလိုတော်ကိုသိကျွမ်းသူပင်ဖြစ်သည်။ကျွန်ပ်တို့ဘ၀အသက်တာမှာပထမဆုံး သတိရမည်မှာ ဘုရားကို ယုံကြည်အားကိုးတတ်ရန်နှင့်ကိုယ်၌စွဲကပ်နေသောမကောင်းမှုများ၊ အစွဲအလန်းကြီးမှုများကို ပယ်ရှားနိုင်ရမည်။ဘုရား၏ အလိုတော်ကိုဆောင်ရွက်နိုင်ရန်ဒုက္ခအခက်အခဲ၊ ပြဿနာကိုနာကြင်မှုဟုမခံစားဘဲဘုရားနှင့်အတူပေါင်းစပ်လျှင် စူးများသည့် နှင်းဆီဖြစ်သော်လည်းနှစ်သက်မြတ်နိုးစရာပန်းတစ်ပွင့်လိုဖြစ်မည်။ပန်ဆင်ထိုက်မှပန်ရမှာပါ။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)