Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-18 05:03:35

19.9.2024 – Thursday of Week 24th in Ordinary Time;
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၄၊ ၂၄ကြိမ်မြောက် ကြာသပတေးနေ့  
Luke 7:36-51- ဧဝံဂေလိကျမ်း ရှင်လုကာ ၇း၂၆-၅၁
Reflection By Sr. Maria Van (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

ကျွန်ုပ်တို့လူသားတွေ အချင်းချင်းပုံသေတွက်ပြီးအဆင့်အတန်းခွဲခြားဆက်ဆံတတ်ကြပါတယ်။ ဥပမာလူမျိုး၊ ဘာသာ၊ အသားအရေ၊ ဆင်းရဲချမ်းသာ၊ အပြစ်ရှိသူ၊ ဖြောင့်မတ်သူစတဲ့အရာတွေပဲဖြစ်တယ်။ ဒီနေ့ကျမ်းစာထဲမှာတွေ့ရတဲ့ ဖာရီဇေဦးတွေလိုပဲဖြစ်ကြမှာပါ။သူတို့တွေဟာ ဘုရားသခင်ပေးထားတဲ့ပညတ်တော်တွေကို ကောင်းစွာလိုက်နာပြီး မိမိကိုယ်ကိုအလွန်ဖြောင့်မတ်ကောင်းမြတ်သူများလို့ ခံယူကြတဲ့သူတွေပဲဖြစ်တယ်။ ကျွန်ုပ်တို့သူတော်စင်လောင်း၌ မိမိကိုယ်ကိုအပ်နှံထားတဲ့ ရဟန်း၊သီလရှင်များက ဖာရီဇေဦးတွေလိုမိမိတို့ သာမန်ဘာသာဝင်တွေထက် မိမိတို့ကိုယ်ကိုပိုကောင်းတယ်၊ပိုမြင့်မြတ်တယ်လို့ ထင်မြင်ခံယူတတ်ကြပါတယ်။ ပုံမှန်ဘုရားကျောင်းတက်၊ မစ္ဆားတရားနာယူပြီး အလှူပေးနိုင်တဲ့သူတွေလည်းဘုရားကျောင်းမလာနိုင်တဲ့သူတွေကို အပြစ်ရှိသူတွေလို့ မြင်ပြီး မိမိတို့ကိုယ်ကိုသူတို့ထက် ပိုမြင့်မြတ်သယောင်၊သူတို့ကိုအဖက်မလုပ်၊ ရှောင်ဖယ်တတ်ကြပါတယ်။သူတော်စင်ဘောင်ဝင် ပုဂ္ဂိုလ်များအနေနဲ့သာမာန်ဘာသာဝင်တွေထက် သာလွန်တဲ့အကျင့်သီလပါရမီတွေနဲ့သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ပြည့်စုံနေပါရဲ့လား။ ပုံမှန်ဘုရားကျောင်းတက်၊အလှူဒါနလုပ်တဲ့သူတွေရော ဘုရားကျောင်းမလာနိုင်၊မလှူနိုင်သူတွေထက်တကယ်ပဲပိုမြင့်မြတ်နေပါရဲ့လား။လူသားမှန်ရင် ဘယ်သူမှအပြစ်အမှားနဲ့မကင်းနိုင်ကြသလို အပြစ်ပြုမိ၊မှားမိတဲ့သူတွေကို အပြစ်ရှိသူလို့ ပုံသေသတ်မှတ်ပြီးလူမှုအဖွဲ့အစည်းကနေ မဖယ်ရှောင်ပဲသူတို့ကို ခွင့်လွှတ်သင့်ကြောင်းကိုလည်း ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က သွန်သင်ထားပါတယ်။ များများခွင့်လွှတ်ခြင်းခံရတဲ့သူတွေ များများချစ်တတ်ကြပါတယ်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)