Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-17 05:17:23

18.9.2024 – Wednesday of Week 24th in Ordinary Time;
၂၀၂၄၊ စက်တင်ဘာလ ၁၈ ရက်၊  ၂၄ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့  
Luke 7:31-35- ဧဝံဂေလိကျမ်း ရှင်လုကာ ၇း၃၁-၃၅
Relfection By Sr. Regina May (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

ကျွန်ုပ်တို့လူသားတွေ တစ်ခါတစ်လေမှာတစ်ပါးသူတွေကောင်းစားနေချိန်၊ ပျော်ရွှင်နေကြအချိန်မှာမနာလိုဖြစ်တတ်ကြတယ်။ ဘာကြောင့် မိမိကမပျော်နိုင်တာလဲ။ သူများတွေစံစားနေကြရသလို ဘာကြောင့်ငါကျတော့မစံစားရတာလဲဆိုပြီးမေးခွန်းထုတ် ဘုရားကိုအပြစ်တင်တတ်ကြတယ်။ တစ်ဖက်မှ မိမိကဘုရားနဲ့ဝေးလို့၊ ဘုရားကထားခဲ့လို့ဆိုပြီး တွေးမိတတ်ကြတယ်။ မိမိရဲ့အပြစ်တွေများလွန်းလို့ဘုရားကခွင့်မလွှတ်ဘူးထင်ပြီးဘုရားနှင့်ဝေးတဲ့ခံစားချက်တွေဖြစ်ပေါ်လာတတ်ကြတယ်။ ဒါပေမဲ့ ဒီကနေ့ကျမ်းပိုဒ်က ကျွန်ုပ်တို့ကိုခွန်အားပေးနေပါတယ်။ ဘုရားသခင်သည် ခွင့်မလွှတ်နိုင်တဲ့အပြစ်ဆိုတာမရှိပါဘူး။ ဘုရားကခွင့်မလွှတ်နိုင်ဘူးလို့ထင်မိရင်တော့ကျွန်ုပ်တို့ဟာ ဘုရားသခင်ကိုအထင်သေးလိုက်တာနဲ့အတူတူပါပဲ။ ဘုရားသခင်အပြစ်ရှိသူတွေ၊အခွန်ခံသူတွေနဲ့နေ၊အတူစားသောက်တယ်ဆိုတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် ဘုရားက ကျွန်ုပ်တို့အပြစ်ကို ခွင့်လွှတ်ပြီးကျွန်ုပ်တို့ကို ချစ်နေတယ်ဆိုတာကိုသိရှိပြီး ခွန်အားယူကြရမှာဖြစ်ပါတယ်။ တခြားသူတွေကြောင့် ခံစားရတဲ့ဝမ်းနည်းမှုတွေ၊ တခြားသူတွေက ကျွန်ုပ်တို့ကိုမကောင်းမြင်တဲ့အချိန်တွေ၊ ဝေဖန်ကြတဲ့အချိန်တွေမှာကျမ်းပိုဒ်အားဖြင့် ခွန်အားယူနိုင်ပါတယ်။ ခွင့်လွှတ်ခြင်းအကြောင်းပိုမို သိလာရပါတယ်။လူတွေကသခင်ခရစ်တော်ကို အပြစ်ရှာကြသေးတာပဲ။ ခွင့်လွှတ်တတ်တဲ့ကျွန်ုပ်တို့ရဲ့သခင်ခရစ်တော်ကိုအတုယူကြစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)